15 🌱

1.3K 67 7
                                    

[Unicode version]

♧︎︎︎လိုနေချိန်တိုင်းမှာ…

သွင်သွင်နဲ့မဟာတို့ ရွာကနေ မနက်နေမထွက်ခင် ထွက်လာခဲ့ကြသည်

အကို့မေမေက မြို့ကနေကားကြိုလွှတ်ပေးထားတာကြောင့် ရွာမှအကို့အိမ်သို့ အကိုတို့ကားနဲ့တာလိုက်ခဲ့ရသည်

ညနေလောက်ရောက်တော့ကားက မြို့ထဲသို့စဝင်လေသည်
ကားကမြို့ထဲသို့စဝင်တာနဲ့ သွင်သွင်ခင်ဗျာပါးစပ်အဟောင်းစားနှင့်လိုက်ငေးနေရတော့သည်  ရွာကသူကြီးအိမ်ကTVမှာည ညဆိုမြန်မာဇာတ်ကားသွားကြည့်နေကျသည်မို့ ကားတွေအများကြီးတို့ ဘယ်နနှစ်ထပ်မှန်းမသိတဲ့ တိုက်ကြီးတို့အား TVထဲ၌မြင်ဖူးစရှိပါသည် သို့သော်ယခုလို အပြင်လက်တွေ့မှာမြင်နေရတာကြောင့် ပါးစပ်ပင်မစိနိုင်တော့ပါ

သွင်သွင်တစ်ယောက်အငေးလွန်နေချိန် ကားက လူချမ်းသာတို့ရပ်ကွက်ဟုခေါ်ရမည် လမ်းထဲသို့ကွေ့ဝင်သွားသည်
လူချမ်းသာတို့၇ပ်ကွက်ဆိုတာ ရွာမှာ Tvစုကြည့်ကြတဲ့အခါ ထိုလိုတိုက်ကြီးတွေပဲရှိပြီး ပျဥ်ထောင်အိမ်တစ်လုံးတောင်မတွေ့ရတာကြောင့် ၇ွာကလူများက လူချမ်းသာတို့ရပ်ကွက်လို့ နာမည်ပေးထားချင်းပင်ဖြစ်သည်

ထိုလူချမ်းသာတို့ ၇ပ်ကွက်ထဲကားကဝင်သွားပြီးနောက် အိမ်ကြီးတစ်လုံး၏ခြံရှေ့၌ကားက၇ပ်သွားလေသည် နောက်ကားရှေ့ကခြံတံခါး ကြီးကြီးက ဖွင့်သွားပြီး ခြံဝန်းထဲသို့ဝင်သွားလေသည် ထိုခြံကြီးထဲမှာ မြို့သားတို့ကခေါ်တာ ဒန်းဆိုလား ဒတ်ဆိုလားဗျာ လွယ်လွယ်ပြောရရင် ပုခက်အဝါရောင်လေးလည်းရှိသည်
ခြံဝင်ကြီးကတော်တော်ကျယ်သားဗျို့

"သားတို့ရောက်ပြီးလား မေမေကညမှရောက်မယ်ထင်တာ"

ဆိုကာအိမ်ကြီး၏တံခါးအဝင်အဝ၌ အကို့ရဲ့အမေက ဝမ်းသာအားရပြောလေသည်

"မေမေတို့က မင်္ဂလာပွဲပြီးတာနဲ့ပြန်တော့ သားကချက်ချင်းလိုက်လာရမှာပေါ့ "

ဆိုကာအကိုက သူ့အမေရဲ့ပုခုံးအားဖက်ကာ
ဝင်သွားလေသည်
အိမ်ပြန်ရောက်လို့ အပျော်လွန်ကာ ကျုပ်အားမေ့များသွား‌တယ်အကို ရယ်ပါလေ

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now