11🌱

1.2K 76 7
                                    

{Unicode version}

♧︎︎︎လိုနေချိန်တိုင်းမှာ...

သွင်သွင်နိုးလာတော့ဘေးဘီသို့ မျက်လုံးမဖွင့်ပဲစမ်းကြည့်ရာ ဘေး၌လူမရှိနေတာကိုသိရကာ သွင်သွင်တစ်ယောက် ချက်ချင်းထထိုင်နေလေသည်

"အ....!နာလိုက်တာချီး"

သွင်သွင်ရုတ်တရပ်ထထိုင်လိုက်တာကြောင့် ခါးအောက်ကအနာက တစ်ဆစ်ဆစ်နာနေလေတော့သည်

"ဟင်...သွင်သွင် နိုးနေပြီလား"

မင်းမဟာလည်းအခန်းထဲဝင်တော့ သွင်သွင်‌နိုးနေသည်ကိုတွေ့ရတော့
အခန်းဝ၌ မင်းမဟာရပ်ကာမေးလေသည်

"အင်း"

သွင်သွင်ကထိုမှသာဖြေလာသည် မင်းမဟာလည်း ပြန်ထွက်သွားသည်
ခနအကြာ ရေပုံးလေးထဲရေအနဲထည့်ကာ သဘတ်တစ်ခုသယ်လာသည် ပြီးနောက်သွင်သွင်ဘေး၌ဝင်ထိုင်လိုက်ပြီး

"ကောင်ပေါက် အိပ်နေတာချွေးတွေကြီးပဲ လာရေပတ်တိုက်မယ်"

ဆိုကာပြောလေသည် သွင်သွင်က

"ရ...ရပါတယ် သားဘာတာလုပ်မယ်"

" လာပါ ကိုယ်တိုက်ပြောမယ် ပြီးတော့ မေမေတို့ရောက်နေတယ်"

လို့ပြောလိုက်တော့ သွင်သွင် မျက်လုံးလေးပြူးကာပြောလာသည်က

"ဟင်...!အကို့မေမေလား ပြောတော့ မနက်ဖြန်မှမဟုတ်ဘူးလား.?"

"စိတ်ပူလို့တဲ့မြန်မြန်လိုက်လာတာ ဘာလဲယောက်ခမကိုတွေ့ရမှာဆိုတော့စိတ်လှုပ်ရှားနေတာလား...?"

"ဘာ ဘာကိုစိတ်လှုပ်ရှားရမှာလဲ လျှောက်ပြောနဲ့..."

ဆိုကာ မင်းမဟာရဲ့ရင်ဘတ်အား သွင်သွင်ရဲ့လက်သေးသေးလေးနဲ့ရိုက်ချက်များကျရောက်လာသည် မင်းမဟာကတော့ရယ်နေလေတော့သည် ပြီးနောက်သွင်သွင်အားသေချာရေပတ်တိုက်ပေးလေသည်

"သန့်သန့်ပြန့်ပြန့်ဝတ်ရမယ် ကိုယ်အကုန်ပြင်ပေးထားပြီးသား

ခြေဆုံးခေါင်းဆုံး ရေပတ်တိုက်ပေးပြီးနောက်
ဘေးမှာစောနက‌ထဲကယူထားသည့်အဝတ်ခေါက်လျက်သားအဝတ်အားယူလိုက်ပြီး သွင်သွင်အားဝတ်ပေးလေသည်
တီရှပ်အင်္ကျီအပွကိုဝတ်ပေးလိုက်ပြီး အောက်ကတော့‌JJဘောင်းဘီကဝတ်နေကျအတိုမဟုတ်ပဲ အရှည်ပြောင်းပေးထားသည် ဒါတွေအားလုံး သွင်သွင်မနိုးခင် ဈေးသွားတဲ့ရွာသူတစ်ယောက်နဲ့လမ်းကြုံမှာထားတာဖြစ်သည် ဝတ်ပြီးနောက် ခေါင်းကိုခေါင်းလိမ်းဆီအနဲငယ်လိမ်းပေးလိုက်သည်

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now