20🌱

1.2K 60 4
                                    

[Unicode version]

♧︎︎︎လိုနေချိန်တိုင်းမှာ…

"သွင်သွင်ဒါ ကိုယ့်သူငယ်ချင်း သွေးတဲ့"

လို့ဆိုပြီးဘေးကအကိုချောလေးနဲ့
မိတ်ဆက်‌လေသည်။

"ဟုတ်ကဲ့ ကျနော်ကသွင်သစ္စာပါ သွင်သွင်လို့ပဲခေါ်ကြတာများတယ်ဗျ "

"ဟုတ်ပါပြီဗျာ အကိုကလေ သွင်သွင်အကြောင်းကို အရင်းထဲကသိပြီးသားပါ ဒီကောင်လေ သူရွာမှာတုန်း ကြုံရသမျှပြောပြတဲ့အထဲ သွင်သွင်အကြောင်းတွေကပိုများများပြောလို့ အကိုသိတာကြာပါပြီ"

"အာ ဟုတ်ဟုတ်…!"

အကိုသွေးက ထိုသို့ပြောလာတော့ သွင်သွင်တစ်ယောက်ရှက်သလိုလေး‌ဖြစ်ရုံရှိသေး

"ဟေ့ကောင် ငါကဘာများပြောလို့လဲ တော်တော် ငါဆေးရုံအုပ်စီခနသွားအုံးမယ် သွင်သွင်ကိုခေါ်‌ထားပေး"

အကိုကတော့ မျက်နာနှင့်နားတွေမှာနီရဲလာကာရှက်သွေးဖြာပြီး ရှက်ရမ်းရမ်းကာ အကိုသွေးကိုပြောပြီးမပြေးရုံတမယ်ခြေလှမ်းမားအား ပုံမှန်ထပ်ပိုမြန်မြန်လျှောက်ကာ ထွက်သွားလေသည်။

"ဟားဟား ဒီကောင်ကွာရုပ်ကြမ်းကြီးနဲ့ရှက်သွားတယ်ကွာ "

"အကိုသွေး ဟို ခုနကပြောတာတကယ်လားဟင် အကိုက ကျနော်အကြောင်းပြောတယ်ဆိုတာကိုလေ "

သွင်သွင်က သွေးအားမော့ပင်မကြည့်ပဲ  ခေါင်းအားမြေကြီးထဲသို့ ထိုးဖောက်ဝင်မတတ် ခေါင်းကြီးအောက်စိုက်ကာကြည့်နေလေသည် ။
လက်ချောင်းများမှာလည်း ဂနာမငြိမ်ပဲ လက်သည်းများနဲ့ လက်ထိပ်တို့အားကုတ်ဖဲ့နေပြီး နားလေးကို သွေးဖက်သို့အနည်းငယ်ထောင်ကာ သွေးရဲ့အဖြေကို နားစွန့်နေသေးသည်။

"ဟုတ်ပါ့ ဟုတ်ပါ့အမှန်ပဲ အကိုဖုန်းဆက်တုန်းက သူကပြောသေးတယ် ဘာတဲ့
သူရဲ့ကောင်ပေါက် ဂိမ်းဆော့နေတတ်လို့ ခနခနမဆက်ပါနဲ့တဲ့ အကြောင်းမရှိရင်လည်း    မဆက်နဲ့တဲ့  သူပဲပြောစရာရှိမှ ဆက်မယ် တဲ့ဗျာ "

လိုနေချိန်တိုင်းမှာ(Complete )Hikayelerin yaşadığı yer. Şimdi keşfedin