12🌱

1.3K 77 9
                                    

{Unicode version}

♧︎︎︎လိုနေချိန်တိုင်းမှာ…

"အမေ့…!"
ဆိုကာ ပြောမယ်ရှိသေး စိုက်ကြည့်လာ‌တာကြောင့်မင်းမဟာပြန်ငြိမ်နေရပြန်သည် အဲ့နောက်မင်းမဟာအမေကထပ်ပြောလာလေသည်

"ပြီးတော့ငါသားမှာဂုဏ်သိက္ခာဆိုတာရှိတယ် မင်းကလက်မထက်လို့ငြင်းတာကိုငါတို့ကလက်ခံလိုက်ပြီးထား ရွာထဲကလူတွေကငါ့သားကိုဘယ်လိုတွေပြောလိုက်ကြမလဲ တာဝန်ယူမှုမရှိသူဆိုပြီးထိလာကြမယ် ငါတို့အသိုင်းအဝိုင်းပါထိခိုက်စေ ဒါ‌ကြောင့်လက်ထက်ရမယ် ညနေကြရင်မင်းအုပ်ထိန်းသူတွေနဲ့တွေ့ချင်တယ် "

ဆိုကာထွက်သွားလေသည် မင်းမဟာလည်းအမေဖြစ်သူနောက်လိုက်သွားလေသည်

နွယ်နဲ့ ချိုရိပ်ငယ် ကတော့ထိုနေရာမှာတာထိုင်နေလေသည် နောက် နွယ်က

"ဒီကမောင်လေးကို‌အမလည်းပြောချင်တယ် မောင့် အယ် sorryနော်အကျင့်ပါနေလို့မောင်လိုပဲခေါ်ပါ့မယ်လေ မောင်ကလေ အစထဲက အမနဲ့လက်ထက်ဖို့အထိရည်ရွယ်ပြီးသားပါ ဒါပေမဲ့ အခုကဒီလိုဖြစ်သွားတော့ မောင်ကလေ မောင်လေးကိုလက်ထက်မှရမယ်တာဝန်ယူရမယ်ဆိုပြီး…"

"ကျ…ကျနော်ပြောပါတယ် အကို့ကိုအဲ့လိုမလိုပါဘူး…လို့ပြော ပြောပါတယ်သူက"

သွင်သွင်လည်းနွယ်ကဘာကိုဆိုလိုလည်းဆိုတာ သိလို့စကားကိုဖြတ်ပြောလိုက်သည်

"စကားပြောရင်ဖြတ်မပြောနဲ့လေ
မယဉ်ကျေးလိုက်တာ…!"

ဆိုကာ အကိုရဲ့ညီမဖြစ်သူချိုရိပ်ငယ်ကပြောလေသည် သွင်သွင်လည်းခေါင်းငုံသွားရသည်

"သွင်သွင်က ယဥ်ကျေးမှုမရှိဘူးဆို ဒီကအမိလည်းအတူတူပါပဲ သွင်သွင်ပြောနေတာကိုအမိကဖြတ်ပြောလိုက်တယ်လေ"

ဘေးမှာရပ်နေတဲ့ ဖိုးသားကဝင်ပြောလိုက်တော့ ချိုရိပ်ငယ်ဆိုသူနဲ့ နွယ်ဆိုသောအမျိုးသမီးမှာမျက်နာပျက်သွားသည် ထိုပျက်နေတဲ့မျက်နာများအားဖိုးသားကသေချာကြည့်ပြီ ရယ့်သဲ့သဲ့လေးရယ်လေသည်  နွယ်ဆိုသူက ကျွမ်းကျင်သူပီပီ ပျက်နေတဲ့မျက်နာအားချက်ချင်းပြင်လိုက်လေသည် ချိုရိပ်ငယ်ကတော့ ထိန်းအရအောင်မျက်နာပျက်ကွပ်နေသည်

လိုနေချိန်တိုင်းမှာ(Complete )Dove le storie prendono vita. Scoprilo ora