22🌱

1.3K 71 10
                                    

[Unicode version]

"ပြန်တောင်းပန် လိုက်"

မဟာအသံဟာ ထိုဆိုင်ထဲအနည်းငယ်ဟိန်းသွားတာကြောင့် ဘေးဝိုင်းကသူများက ကွက်ကြည့်ကွက်ကြည့်လုပ်လာကြသည်

"ဟုတ် ဒီကမနွယ်ကိုကျနော်တောင်းပန်ပါတယ်ဗျ"

သွင်သွင်တစ်ယာက်ကတော့ တည်ငြိမ်ကြည်လင်နေသောမျက်နှာ‌နှင့်တာ တောင်းပန်လာလေသည်

မဟုတ်ဘူးလေ နင် နင်က ပြန်ပြောမှာလေ နင်မှားကြောင်း ငါ့ကိုလက်ညိုးထိုးပြီး ကျနော်အမှားမဟုတ်ဘူးပြောမှာလေ အဲ့တာမှနင်နဲ့မောင်နဲ့စကားများကျမှာလေ ကျစ်
စောက်ကလေးလေး ငါ့ထပ်မာယာများနေတာပဲနင်ကမြွေဟောက်လိုကောင် အမျိုးယုတ်ကောင်

နွယ်က သွင်သွင်အားစိတ်ထဲတာအမုန်းစွဲကာ ပြောနေလေတော့သည် အပြင်ကရုပ်မှာတော့ ကြောင်ပေါက်လေးတဖွယ့် ပင်

"ဟယ် ဒေါက်တာမဟာရဲ့ချစ်တတ်မှုကြီးမိုက်တာဟယ်"

"အေးဟယ်ငါလည်းအချစ်ခံချင်တယ် "

"ဒီလိုအမျိုးသားကိုဘယ်မှာဝယ်လိုရမလဲဟာ"

"ဆရာမလေးနွယ်ကိုအားကျတာပဲသိတယ်ဟာ"

"ဟိုကောင်လေးကလည်းရုပ်လေးကြည့်တော့ တည်ငြိမ်အေးချမ်းနေတဲ့ပုံနဲ့ ဆရာမလေးကိုဘာသွားရှုပ်လဲသိဘူး ဒေါက်တာတော်တော်ဒေါသထွက်သွားဟ"

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now