23🌱

1.3K 81 10
                                    

[Unicode version]

သွင်သွင်တို့အိမ်ပြန်ရောက်တော့ ညနေတောင်‌ရောက်နေပြီဖြစ်သည်။
ခနနားပြီး သွင်သွင်ရေဝင်ချိုးလိုက်သည်
သူပြန်ထွက်လာတော့ အကိုကရေချိုးသည်။
အကိုက သားသားနားနားဝတ်ကာ အပြင်ပြန်ထွက်ဖို့ပြင်လေသည်။

သိပ်မကြာလိုက်ပါအကိုထွက်သွားလေသည်။ သွင်သွင်အားမေ့နေသယောင် ဘာတစ်ခွန်းမှတောင်အသိမပေးသွားချေ ။
အေးလေ လိုမှမလိုပဲ…

*********

"ဟိုကောင်လေး…"

"ဗျာမေမေကြီး…"

သွင်သွင်အောက်သို့ ဆင်းချိန်တွင် ဧည့်ခန်း၌မိတ်မိတ်ကြီးထိုင်နေသော အကို၏အမေအားတွေ့ရသည်။

မေမေကြီးခေါ်တာကြောင့် သွင်သွင်လည်း မေမေကြီးအနားက ဆိုဖာခုံတွင်အမြန်ဝင်ထိုင်လိုက်သည်။

"ဟဲ့ဟဲ့ ဒီကောင်လေးဘယ်မှာဝင်ထိုင်တာတုန်း နင့်ကို ဘယ်သူကထိုင်ခိုင်းလို့တုန်း တန်ရာတန်ရာမှာနေစမ်းပါအေ ငါနှယ့် ငါ့သားနုနုထွတ်ထွတ်ဆရာဝန်‌ကို‌လည်း ပေးထားရသေးတယ် တယ်အလိုက်လည်းမသိပါလားတော်"

"‌ဟို သွင်သွင်မှားသွားပါတယ် မေမေကြီးသွင်သွင်အောက်မှာပဲထိုင်ပါ့မယ်"

မေမေကြီးရဲ့ ဆက်တိုက်ပစ်သေနတ်လိုမနားတန်းပြောဆိုနေတာကြောင့် သွင်သွင်ကိုယ့်အမှားကိုယ်သိကာ စိတ်ထဲကနေ

အသုံးကျလိုက်တာ ငါလေးရယ်

ဆိုကာကြုံးဝါးလိုက်မိပြန်သည်။

"အေး‌ ဒါနဲ့ငါ့သားရော‌"

မေမေကြီးကခြေချိတ်ထိုင်ထားသေးသည်။

"ဟို အကိုက နေ့ခင်းကပြောသံကြားတာ သူ့သူငယ်ချင်းတွေနဲ့ သွားတွေ့တာထင်တယ် "

ဆိုကာပြန်ပြောတော့ မေမေကြီးခပ်ရိရိရယ်ကာ

"အယ် နင့်နဲ့ ကိုယ့်အိမ်ထောင်ဦးစီးဘယ်သွားလည်းသေချာတောင်မသိလေရောလားအေ အေးပေါ့လေ သူနင်လိုအညတရလေးကို သားက ဘယ်လိုလုပ်သေချာအသိပေးနေအုံးမလဲ "

"ဟုတ် ဟုတ်မှာပါ မေမေကြီး အညတရ"

သွင်သွင်ရဲ့အသံမှာ အဖျားပိုင်း၌ အသံကအပြင်သို့ထွက်ပင်မလာပါ။

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now