16🌱

1.1K 66 9
                                    

[Unicode version]

♧︎︎︎လိုနေချိန်တိုင်းမှာ...

မဟာရေချိုးတာပုံမှန်ထပ်အနည်းငယ်ပိုကြာသွားသည်
ရေချိူးပြီးတဘတ်တစ်ထည်အား ခါးအထပ်၌ပတ်လိုက်ပြီး ရေစိုနေတဲ့ ခေါင်းပေါ်သို့ တပတ်အသေးဖြစ်အုပ်ထားလိုက်ကာ ရေချိုးခန်းမှ ထွက်လာလေသည်

ရေချိုးခန်းကထွက်လာတော့ မွေ့ယာပေါ်၌ ခြေကားယားလက်ကား၌ အိပ်ပျော်နေသော‌သူ‌ကြောင့် မဟာပြုံးမိပြန်သည် သို့သော် ပြုံးနေတာချက်ချင်း ခေါင်းခါကာ အပြုံးတို့အားဖယ်ရှားလိုက်သည်

မဟာလည်း တီရှပ်လက်ပျက်အမဲ တစ်ထည်နှင့် ဘောင်းဘီရှည်အဖြူအမဲဆက်အကွက်တို့ကိုထုတ်ဝင်လိုက်သည်

ထို့နောက်ကုတင်ခြေရင်းတွင်ဝင်ထိုင်လိုက်သည် မွေ့ယာကအိသွားတောင်ကြောင့် အနောက်ကကောင်ပေါက်လေးကချက်ချင်းနိုးလာလေသည် မွေ့ယာအိတာတစ်ခုမကောင်းတာဒါတွေပေါ့ တစ်ယောက်ယောက်လှုပ်မိတာနဲ့ နောက်တစ်ယောက်ကိုလှုပ်နိုးသလိုကိုဖြစ်လို့

"အကို ...!အခုရေချိုးပြီးတာလား သား...အယ် ကျနော်တောင် တစ်ရေးရသွားတယ်ဟီးဟီး..."

*အကိုကမှာထားတယ်လေ အခုကစပြီးကျနော်လိုပဲ့ ကိုယ့်ကိုယ်ကို သုံးရမယ်တဲ့လေ*

အနောက်ကနိုးလာတဲ့ကောင်ပေါက်လေးက နိုးလာတာနဲ့ ရွာမှာလိုအချိန်စွဲမနေပဲ ချက်ချင်းထထိုင်လေသည် မဟာအနောက်နားသို့ ‌ဖင်တရွတ်တိုက်ဆွဲကာ ရောက်လာပြီး စကားတို့အားစပြောလေသည်

"ခေါင်းရေဆိုနေတာလား ကျနော်ကိုတဘတ်ပေး"

ဆိုကာမဟာ ခေါင်းပေါ်တင်ထားတဲ့ တပတ်အားဆွဲယူကာ ခေါင်းကိုစတင်သုတ်ပေးလေတော့သည်

"သွင်သွင်...!"

"ဗျာ...!အကို"

မဟာခေါ်လိုက်တော့ သွင်သွင်တစ်ယောက်က ဗျာ ဆိုကာထူးလာပေမဲ့ လက်ကတော့ မဟာရဲ့ခေါင်းအပေါ်ကဆံပင်အထပ်၌ လှုပ်ရှားနေချင်းကရပ်တန့်သွားချင်းမရှိပေ

"ဟိုဗီဒို တွေ့လား အဲ့တာကိုဖွင့်လိုက်ရင်အထဲမှာ သေတ္တာအသေးလေးတွေ့ရလေ့မယ် အဲ့အသေးလေးကိုဖွင့်လိုက်ပိုက်ဆံတွေရှိတယ်..."

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now