3🌱

1.6K 177 17
                                    

(Unicode version 🌱)

လိုနေချိန်တိုင်းမှာ🌱

မဟာတယောက်သွင်သွင်နဲ့နေ့ခင်းထမင်းစားချိန်ထဲကနေညနေစောင်းထိရွာထဲလျှောက်သွားပီးအိမ်ရောက်ရေတခါချိုးပီးလက်ရှည်အဖြူအားယောပုဆိုးအမဲလေးနဲ့တွဲဝတ်လိုက်ပိးသူကြီးအိမ်တာထွက်သွားလိုက်သည်ဆွေးနွေးပွဲရှိသည်မဟုတ်လား…သူကြီးအိမ်ရောက်တော့လူတော်တော်စုံနေပီထင်ပါရဲ့သူကြီးအိမ်ရှေ့ကခုံတန်းမှာလူကြီးတစုနဲ့ဘေးမှာမတ်တပ်ရပ်နေသူများနှင့်မြေပြင်မှာထိုင်နေသူများစွာရောက်နေကြပီကျနော်ရောက်လာတော့သူကြီးခုံတန်းကနေထလိုက်ပီး

"လာဆရာလေးလာ…!"

မဟာလည်းဘေးကနေဝင်ရပ်နေလိုက်သည်သူကြီးကဦးဆောင်ပီးစကားစပြောလိုက်သည်သူကြီးအသံထွက်လာသည်နှင့်တပြိုင်နက်တီးတိုး‌ပြောနေသောရွာသူ/သားတို့ရဲ့အသံတိတိကုန်ကြသည်

"ကဲ…ကဲ.ကျုပ်ရွာသူရွာသားတွေကိုခေါ်ရတဲ့အကြောင်းရင်းကတချို့လည်းသိ‌ပီးသားဖစ်မယ်ထင်ပါတယ်…ကျုပ်ဘေးကလူကဒီရွာကိုတာဝန်ကျဆရာဝန်လေးပေါ့ဗျာ…နာမည်ကမင်းမဟာတဲ့…ဆရာလေးကရွာကဆေးပေးခန်းကပြင်ချင်ပါတယ်တဲ့.ကျုပ်တို့ဆေးပေးခန်းကသစ်သားပျဉ်တွေနဲ့လုပ်ထားတော့မသုံးတာတာနဲ့တွေးနေပီးဖစ်နေပီဒါကြောင့်ရေ‌ရှည်ခံအောင်အုတ်နဲ့ဆောက်ချင်‌ကြောင်းအကြံပေးတယ်…အဲ့တော့ကျုပ်ကတော့သဘောတူတယ်ဗျကျန်တဲ့သူတွေကရော…?"

သူကြီးစကားကိုငြိမ်သက်စွာနားထောင်နေကြပီးသူကြီးကသဘောတူသလားမေးတော့ရွာသားများထဲကတယောက်ကအရင်ထလာပီး

"ကျုပ်လည်းသဘောတူပါတယ်…ရွာ‌အကျိုးတွက်ပဲဟာ…"

ရွာသားတယ‌ောက်ကထပြောလိုက်တော့ကျန်ရွာသူ/သားတို့ကလည်းအသံပြိုင်နဲ့

"ကျုပ်လည်းသဘောတူပါတယ်"

သဘောတူသောရွာသားများ၏ပသံများဆူညံသွားတော့သည်…သူကြီးကလက်လေးတဖက်မြှောက်ကာရပ်ဖို့ပြောတော့ရွာသူ/သားများတိတ်သွားပီး

"ကဲဟုတ်ပီဟုတ်ပီ…အားလုံးသဘောတူတယ်ဆိုတော့…ကျုပ်တို့ရွာဆေး‌ပေးခန်းတွက်ကုန်ကျစရိတ်တွက်အလူခံမယ်ပြအလှည့်ကျစီအလှုလိုက်ခံမယ်…အခုလည်းတခါထဲထည့်သွားချင်လည်းရတယ်…နောက်မေ့မှာဒီမှာလာလှုလည်းဖစ်တယ်…ရွာဆေးပေးခန်းမပီးသေးတဲ့အထိသုံးရက်တခါအလှုငွေလိုက်ကောက်မယ်နော်…ဘာများပြောချင်သေးလည်းးးဆရာလေးကိုပြောချင်တာကောရှိလားး"

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now