19🌱

1.2K 78 9
                                    

[Unicode version]

♧︎︎︎လိုနေချိန်တိုင်းမှာ...

ဆေးရုံသို့အရောက်‌တွင်...

အကိုအလုပ်လုပ်တဲ့ဆေးရုံကအကြီးကြီးပင် လူတွေလည်းအများကြီးပါပင် အကိုကကားပေါ်ကဆင်းပြီးတာနဲ့သွင်သွင်အားတံခါးဖွင့်ပေးပြီး အရှေ့ကနေအရင်ထွက်သွားလေသည် သွင်သွင်လည်းအနောက်ကနေ အမြန်လိုက်ရပြန်သည်
ဆေးရုံအတွင်းသို့ရောက်တော့ အကိုအားဆရာ/မများက

"မင်္ဂလာပါဒေါက်တာ ပြန်လာပြီပေါ့"

"ပြန်လာပြီလား ဒေါက်တာ"

"ပြန်ရောက်တဲ့အနေနဲ့မုန့်ဝယ်ကျွေးနော်"

"အခန်းထဲမှာဆရာမနွယ်တောင်ရောက်နေပြီနော် ခိခိ"

Nurseမလေး‌တွေရဲ့တစ်ယောက်တစ်ခွန်းပြောလာကြသည်

ဒီကလူတွေကနွယ်ဆိုသောအမျိုးသမီးနဲ့အကိုတို့ ပက်သက်မှု များကိုသိပြီသားပဲဖြစ်မှာပါ အခုဝင်ပြောလိုက်ရမလား ကျနော်ကအကိုရဲ့အမျိုးသားဆိုတာကိုလေ

အကိုကိုတစ်ချက်ကြည့်လိုက်တော့ အကိုကရယ်နေလေသည်

အို ကိုတောင်ဘာမှပြောတာငါဝင်ပြောလိုက်ရင် ရိုင်းရာကျသွားမှာပေါ့ အချိန်န်ရင်အကို ကပြောလာမှာပေါ့ ပြောလာင်ေရာ အိုမေပြာလည်းဘာဖြစ်လဲ ကိုကဆရာဝန် လေတော်ကြာ ယောက်ကျားချင်းယူထားလို့ဝိုင်းကဲ့ရိနေမှ ခက်နေအုံးမယ်

သွင်သွင်တစ်ယောက်ထဲ ခေါင်းငြိမ့် ခေါင်းခါဖြစ်ကာ တစ်ယောက်ထဲစိတ်ထဲကတာ စကားများနေလေသည်

နောက်အကိုကအရှေ့ကနေထွက်သွားပြန်ပါသည် သွင်သွင်လည်း အကိုနောက်သို့လိုက်ရပြန်သည် ထို့နောက်အကို ကအခန်းတစ်ခန်းထဲသို့ဝင်သွားလေသည် ထို့အခန်းထဲမှာတော့ နွယ်ဆိုသောအမျိုးသမီးရယ် နောက် အကိုခပ်ချောချောလေးတစ်ယောက်လည်းရှိသည်

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now