25🌱

1.4K 70 1
                                    

[Unicode version]

အကိုမှုးလာတဲ့နေ့ကစပြီးနောက်နေ့များတွင် သွင်သွင်အပေါ်အရင်လိုပြန်လည် ပြုမူလာသည်။အခုဆို အကိုနဲ့လက်ထက်တာ ၁လပင်ကျော်နေလေပြီ။
ရွာမှာတုန်းကလို ဂရုစိုက်ပေးလာသည် ။ မေမေကြီးနှင့် ညီမဖြစ်သူတို့နှင့်လည်း မျက်နှာချင်းမဆိုင်ရအောင် အမြဲရှောင်ပေးတတ်သည်။ အကိုက ဆေးရုံသွားရင် သွင်သွင်ပါအမြဲခေါ်သွားတတ်သေးသည်။ မေမေကြီးကဧည့်ခန်းမှာထိုင်နေရင် သွင်သွင်အား အပေါ်ထပ်သို့ပြန်ခေါ်သွားတတ်သည်။ မေမေကြီးအိမ်မှာရှိရင် သွင်သွင်ကိုအပြင်ခေါ်‌သွားလေ့ရှိသည်။

ဒီတစ်လအတွင်းမေမေကြီးတို့ရဲ့အဆူအပြော အကို့ညီမဖြစ်သူတိုရဲ့အအော်အဟောက်ခံရတာတွေရော မနွယ်ရဲ့ မထိတသိစကားနာထိုးမှုတွေနဲ့ပြဿနာတော်တော်များများဆုံခဲ့ရသည်။ အကိုစီကတော့အမြဲကာပေးတတ်ပြီး ဂရုစိုက်ပေးမှုတွေတော့ပိုပိုရလာခဲ့သည်။

အခုလည်းအရင်နေ့တွေကလို ဆေးရုံလိုက်သွားရမှာဖြစ်၍ သွင်သွင်ပြင်ဆင်ပြီး ကုတင်ထပ်၌ အကိုပြင်ဆင်နေတာကိုထိုင်စောင့်နေလိုက်သည်။
အကိုပြင်ဆင်ပြီးတော့ သွင်သွင်တို့နှစ်ယောက်လှေကားတစ်ဝက်သို့‌အရောက်

"ဟဲ့ လာကြပါအုံး လာပါအုံးဒီရက်ပိုင်းစကားကောင်းကောင်းတောင်မပြောရဘူး သားမနက်စားမစားသွားဘူးလား"

ဧည့်ခန်း၌ စာအုပ်တစ်အုပ်နဲ့အလုပ်ရှုပ်နေသော မေမေကြီး သွင်သွင်တို့အားမြင်တာနဲ့လှမ်းပြောလေသည်။

"မစားတော့ဘူး မေမေအပြင်ရောက်မှပဲစားတော့မယ်"

ဆိုကာ မဟာက အရှေ့သို့‌ခြေလှမ်းချိန်

"မင်းမဟာလာထိုင်စမ်း ငါပြောစရာရှိတယ်"

ပုံမှန်ထပ် မေမေကြီးရဲ့အသံဟာဟိန်းထွက်နေလေသည်။

"လုပ်ပြီဗျာ "

မဟာတစ်ယောက်ခေါင်းကိုတစ်ချက်ကုတ်လိုက်ပြီး သွင်သွင်၏လက်အား လှမ်းကာဆုတ်ကိုင်လိုက်ပြီး မေမေကြီးရဲ့ အရှေ့ဆိုဖာခုံ၌ထိုင်လိုက်ကြသည်။

"ဒီမနက်စောစောပဲ ‌‌ဒီကောင်လေးရဲ့အဒေါ်က ပိုက်ဆံထပ်တောင်းပြန်တယ် တကယ်တည်းတော် လက်ထက်ပွဲနေ့ကလည်းပေးခဲ့တာကိုတစ်လစွန်းစွန်းပဲရှိ‌ သေးတယ် ဘယ်လိုများသုံးဖြုန်းနေလည်းမသိဘူး သူတို့အဆံမရှိတုန်းကရောဒီလိုသုံးဖြုန်းနေသလားပဲ"

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now