9🌱

1.2K 82 7
                                    

{Unicode version}

♧︎︎︎လိုနေချိန်တိုင်းမှာ...

‌သူကြီးနဲ့ရွာသားများလည်း ကိုယ်စီကိုယ်စီ ကိုယ့်အိမ်ရာသို့ပြန်သွားကြလေသည် ဟိန်းရန် နဲ့ဖိုးသားကတော့ ဆေးပေးခန်းတောင်မသွားပဲ အိမ်မှာပဲအဖော်အဖြစ် ဝိုင်းနေပေးကြသည် ခနကြာတော့ သူကြီးအိမ်မှ ထမင်းချိုင့်လာပို့ပေးသွားသည် သွင်သွင်သတိရလာတဲ့အခါသောက်ဖို့ ဆန်ပြုတ်လည်းပါသည်

ဟိန်းရန်နဲ့ ဖိုးသားနဲ့က ‌အိမ်‌ရှေ့မှာစားပွဲချကာ ထမင်းစားနေကြသည် မင်းမဟာကတော့ သွင်သွင်အားစောင့်ပေးရန်အခန်းထဲမှာ‌တာနေသည် ခနအကြာ

"ဟင့် "

သွင်သွင်ကိုယ်လေးလှုပ်လာပြီ မျက်လုံးအစုံအားဖြေးညှင်းစွာဖွင့်လာသည် မင်းမဟာလည်းသွင်သွင် သတိရလာပြီဖြစ်တာကြောင့်

"နိုး လာပြီလား ဘယ်နားနာလဲဟင်"

အခုမှနိုးခါစရှိသေး ဘေးမှထိုင်‌ကာစကားလာပြောသံကြောင့် သွင်သွင်လန့်သွားရပြန်သည် ပြီးနောက် မနေ့ကအကြောင်းများ အတွေးထဲရောက်လာကာ တစ်ကိုယ်လုံးအပူချိန်မြှင့်သွားသလို မျက်နာများရဲလာသည် ပြီးနောက်တစ်ခုခုကိုယ်စိတ်မကောင်းဟန် ဝမ်းနည်းနေပုံနှင့်သာ မင်းမဟာရဲ့ ဆန့်ကျင်ဘက်သို့ မျက်နှာလွဲလိုက်သည် ထိုသည်ကိုမင်းမဟာ မြင်တော့

"ဟို...! ကိုယ် ကိုယ်လေတောင်းပန်ပါတယ် မနေ့ကဘယ်လိုဖြစ်လို့အသိစိတ်လွှတ်သွားလဲ တကယ်မသိတော့ပါဘူး ကောင်ပေါက်လေး ကိုယ့်ကိုစိတ်ဆိုးနေသလဲ ဟင်"

မင်းမဟာဤသို့ပြော‌လာတော့ သွင်သွင် စိတ်ထဲ၌‌တိတ်တဆိတ်ပြောမိပါသည်
စိတ်ဆိုးလားတဲ့ မဆိုးပါဘူးလေ ဆိုတာထပ် မဆိုးရက်ပါဘူးအကို ကျနော်ဘဝထဲကို ကြင်ကြင်နာနာနဲ့ညီလေးတစ်ယောက်လို ချစ်ခင်ဂရုစိုက်ပြီး ဝင်လာပေးတဲ့ အကို့ကို အပြစ်မဆိုရက်ပါလေ

"ကိုယ်တောင်းပန်ပါတယ်ဆိုတာကလွဲလို့ ကျန်တဲ့ဘာစကားပြောရမှန်းတောင်မသိတော့ပါဘူး ဟို ကိုယ်လုပ်ရပ်ကို ကိုယ်တာဝန်ယူမှာပါ"

မင်းမဟာစကားပြောနေသောလည်း အခုထိသူ့ဘက်ကို သွင်သွင်မျက်နာမလှည့်လာသေးတာကြောင့် အသံကိုအတတ်နိုင်ဆုံးထိန်းကာပြောလိုက်ချင်းဖြစ်သည် ထိုသို့ပြောတော့မှ သွင်သွင် သူရှိရာဘက် မျက်နာပြန်မူလာပြီး

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now