17🌱

1.1K 59 3
                                    

[Unicode version]

♧︎︎︎လိုနေချိန်တိုင်းမှာ...

ညရောက်တော့ အကိုနဲ့ သွင်သွင်နှစ်ယောက်ထဲတာ ထမင်းဝိုင်း၌စားရသည်

ကိုမေမေနဲ့ ညီကစားပြီးပြီဆိုလို့ကိုနဲ့ နှစ်ယောက်ထဲတာ

ထမင်းဝိုင်းမှာခါတိုင်းထပ်ပိုတိတ်ဆိတ်လို့နေလေသည် ထမင်းစားပြီးအကိုက သူ့အခန်းထဲသို့ဝင်သွားသည်

သွင်သွင်လည်း အကိုပန်းကန်နဲ့ ကိုယ်စားပြီးသားပန်းကန်တို့အားသယ်ကာ ပန်းကန်ဆေးစင်သို့ သွားပြီးမည်အလုပ်

"အဲ့တာတွေချထား ဒီအိမ်မှာခေါ်ထားတဲ့အလုပ်သမားတွေကို ဒီတိုင်းတင်ကျွေးထားတာမဟုတ်တတ်ဘူး အိမ်အလုပ်အကုန်သူတို့လုပ်ရမှာချထားခဲ့ "

ဘယ်ချိန်ထဲက အခန်းကနေပြန်ထွက်လာပြီး ရောက်နေမှန်းမသိတဲ့အကိုက လှေကားပေါ်ကနေ သွင်သွင်အားလှမ်းအော်လာသည်

"ဒါလေးနှစ်ချက်ထဲ ကျနော်ပဲဆေးလိုက်ပါမယ် ဘာမှမဟုတ်တာလေးကို"

"ကောင်းပြီ တော်တော်လုပ်ချင်နေတယ်ပေါ့
အဲ့တာဆို အိမ်ကအလုပ်သမားတွေရဲ့တောက်တိုမရလုပ်ရမယ် အိမ်အလုပ်တွေကိုခိုင်းသမျှလုပ်ရမယ် နားလည်လား...!"

"ဟုတ် ဟုတ်...!"

ရွာမှာတုန်းကရှိခဲ့ အကိုနဲ့ အခု အကိုနဲ့ အများကြီးကွာခြားနေသလိုပါပင် ရွာမှာတုန်းက လူအများအားကျရတဲ့ဆရာဝန်လေးဖြစ်သလို လူကြီးသူမများနဲ့ ကလေးအစခွေးအဆုံး အားလုံးအား ကြင်နာယုယပေးသူဖြစ်ပြီး သူများကိုတစ်ခါမျှမခိုင်းတတ်ပဲ ကူလုပ်ပေးရင်တောင်ဆူတတ်သည့်အကိုက အခုများတော့ လူစားထိုးထားသလားမှတ်ရတယ် ဒါမှမဟုတ် ရွာမှာတုန်းကအကိုသူ့ဗီဇအား ဖုံးကွယ်ထားတာလား မဖြစ်နိုင်ပေါင်

လုပ်ဆိုတော့လည်း လုပ်မှာပေါ့ ဒီအလုပ်လေးလောက်ကအေး‌ဆေးပါ ရွာမှာတောင်လုပ်လာ သေးတာပဲဟာ တစ်လုပ်စားဖူးသူ့ကျေးဇူးတဲ့ဗျ သူအိမ်မှာသူကျွေးတာစား သူပေးယူနေမှတော့ အလုပ်လည်းလုပ်ပေး၇မှာပေါ့

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now