6🌱

1.2K 94 9
                                    

(Unicode version 🌱)

လိုနေချိန်တိုင်းမှာ…^_^

အချိန်တွေကဘာလိုလိုနဲ့ကုန်တာမြန်လိုက်တာ…ကိုယ်ကပဲသတိမထားလို့မသိ…

ရွာအတွက်ဆေးပေးခန်းကြီးဆောက်လုပ်ပြီးစီးခဲ့တာလည်း အနဲငယ်ကြာလှပြီ

ရွာသူရွာသားတို့ခေါ်တွင်ကြသော 'ဆရာလေး' ဆိုတဲ့ မင်းမဟာ လည်း ရွာက ကလေးအစ ခေါးအဆုံး လူတိုင်းနဲ့ ခင်မင်ရင်းနှီးတတ်လေပြီ…

"ဆရာလေး ဗျို့ဆရာလေးရေ"

ရွာသားတစ်ဦး ညနေစောင်းအချိန်၌ ဆရာလေးအိမ်သို့ ရောက်လာလေသည်

"လာဗျာ ဘယ်သူဘာများဖြစ်လို့လည်းဗျ"

အိမ်ရှေ့မှ အော်ခေါ်သံကြောင့် မင်းမဟာလည်း အိမ်အဝမှ ထွက်ကာ ပြန်လည် လှမ်းပြောလိုက်သည်

"ယော်…! တို့ဆရာလေးတို့ကတော့ကွာ ဆရာဝန်လို့မပြောရဘူး ဧည့်သည်လာတာနဲ့ ဘယ်သူဘာဖြစ်တာလည်း အရင်မေးတယ်"

ရွာသားကဆရလေးထိုင်နေသည့်ဘေးမှာဝင်ထိုင်လိုက်ပြီးရယ်ကျဲကျဲဖြစ်ပြောလေသည်

"ဟားဟားဟား…! ပြောတတ်ပါ့ဗျာ ကဲဆိုပါအုံး လာရင်းကိစ္စ"

"လာရင်ကိစ္စကထွေထွေထူးထူးတော့မဟုတ်ပါဘူး ဒီမှာခြံထဲကထွက်တဲ့ ဖရဲသီးလာပေးတာ…"

ရွာသားကသူသယ်လာတဲ့ တောင်းထဲကဖရဲသီးအားထုတ်ရင်းနဲ့ပြောလေသည် ပြီးနောက်ဖရဲသီးအားမင်းမဟာအရှေ့၌ချပေးလိုက်သည်

"အိုဗျာ မယူပါရစေနဲ့"

"ယူပါ ဆရာလေးရယ် ကျုပ်တို့ရွာကိုဘယ်ဆရာဝန်, ဘယ်ကျောင်းဆရာ/မကမှမလာချင်တဲ့ နေရာကိုလာပြီး ကျုပ်တို့ရွာသူ/သား တွေ ကလေးတွေကိုစိတ်ရှည်စွာကုသပေးလို့ကျေးဇူးတင်လွန်းလို့ပါဗျာ …တန်ဖိုးကြီးတွေမပေးနိုင်ပေးမဲ့ ကျုပ်တို့တတ်နိုင်သလောက်လေးပေါ့ဗျာ…ဒါကြောင့်ယူပါ ဆရာလေးရယ်"

ပြောပြီး ရွာသားဟာ အတင်း မင်းမဟာထိုင်နေတဲ့ဘက်စီကို ဖရဲသီးအားတိုးပေးလေတော့သည်

"အင်း…ဟုတ်ပါပြီဗျာ ခင်ဗျားတို့စေတနာကျနော်နားလည်ပါတယ် အင်းဗျာ ကောင်းကောင်းစားလိုက်ပါမယ်ဗျာ…"

လိုနေချိန်တိုင်းမှာ(Complete )Där berättelser lever. Upptäck nu