10🌱

1.3K 82 7
                                    

{Unicode version}

♧︎︎︎လိုနေချိန်တိုင်းမှာ…

သွင်သွင်နဲ့ ဖိုးသား စကားပြောတာအတော်ကြာသွားချိန်၌ အခန်းထဲသို့ မင်းမဟာပြန်ဝင်လာသည်

"ဆန်ပြုတ်သောက်ပြီးရင် ရော့ဆေးသောက် ပြီးရင်ခနအိပ်တော့ ဖိုးသားကျေးဇူးနော် စောင့်နေလို့ ရပြီ အကိုပဲစောင့်နေလိုက်တော့မယ်"

မင်းမဟာ ဆက်တိုက်ပြောလိုက်တော့ ဖိုးသားက ခေါင်းလေးငြိမ့်ငြိမ့်ကာ ဆန်ပြုတ်ပန်းကန်အားကိုင်ကာထွက်သွားလေသည်

"ဆေးသောက်ရော့…!"

မင်းမဟာလက်ထဲကဆေးလုံးလေးတွေနဲ့ ရေခွက်ကို သွင်သွင်အားပေးလိုက်သည် ဆေးလုံးတွေကိုတွေ့တော့ သွင်သွင်မျက်နှာ ရှုတ်မဲ့သွားသည် မင်းမဟာမျက်နှာကိုတစ်ခက်ေကြည့်ပြီး သွင်သွင်ခမျာ မသောက်ချင်သောက်ချင်နဲ့ သောက်လိုက်ရသည်

"အိပ်တော့…!"

"ဟုတ်"

သွင်သွင်လည်းဘေးတစောင်းလေးလှဲအိပ်လိုက်သည် သွင်သွင်ဘေးမှာတော့ မင်းမဟာဝင်လှဲအိပ်လိုက်သည်

"ဘာ ဘာလုပ်တာလဲ…"

မင်းမဟာဝင်လှဲ လိုက်တော့သွင်သွင်တစ်ယောက်အသည်းအသန် ပြောလေသည်

"ဟော်ဗျာ ကိုယ်လည်းပင်ပန်ထားတယ် ခနလောက်ပြန်အိပ်ပါရစေလား…"

"အဲ့ အဲ့ဒါဆိုဒီမှာအိပ် ကျနော်အပြင်အိပ်မယ်"

ဆိုကာသွင်သွင် ကုန်းထလာလေသည် မင်းမဟာက သွင်သွင်အား လက်ကပြန်ဆွဲချလိုက်သည်

"ဘယ်မှာအိပ်မှာလဲ အရင်ကလည်းအတူတူအိပ်နေကြလေ အခုမှဘာဖြစ်တာ  လက်ထက်ပြီးရင်လည်းအတူတူအိပ်ရမှာ "

"အယ် အဲ့လို "

"ဘာမှထက်မပြောနဲ့ အိပ်တော့ စကားများတယ်"

မင်းမဟာက သွင်သွင်အားစကားဆက်ပြောခွင့်မပေးပဲ ရင်ခွင်ထဲသို့ထည့်ကာ မျက်လုံးမှိတ်အိပ်လိုက်သည်

သွင်သွင်လည်းလှုပ်မရပြုမရနဲ့ မင်းမဟာရဲ့ရင်ခွင်အကျယ်ကြီး၌ အခက်တွေ့နေလေပြီ သွင်သွင်ရဲ့ရင်အစုံဟာလည်း ခုန်ပေါက်နေသည်

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now