18🌱

1.1K 70 6
                                    

[Unicode version]

♧︎︎︎လိုနေချိန်တိုင်းမှာ…

အလုပ်များဝိုင်းကူလုပ်ပေးပြီး နာရီကြည့်တော့မနက်7နာရီထိုးပြီး‌ နေပြီမို့ အပေါ်ထပ်သို့တတ်လာပြီး ခြေလှမ်းများကအကိုအခန်းရှိရာစီသို့ဦးတည်ကာသွားလေသည်

အခန်းထဲရောက်တော့အကိုက ကုတင်ထပ်၌ရှိမနေပါ အခန်းပတ်ဝန်ကျင်အားတစ်ပတ်ဝွေ့ကြည့်တော့ ရေချိုးခန်းထဲ၌ ရေကျသံကြားတော့ အကိုကရေချိုးနေပြီမှန်းသိတော့သည်

အကိုရေချိုးတာကို ဆိုဖာခုံတစ်ခုံ၌ထိုင်စောင့်နေ‌‌လိုက်သည် ခနအကြာမှာတော့ အကိုကရေချိုးခန်းထဲကတဘတ်တစ်ထည်ပတ်ကာထွက်လာသည် ဆိုဖာမှာထိုင်နေတဲ့သွင်သွင်အားမြင်တော့ အကိုက

"အစောကြီးဘယ်ထသွားတာလဲ…"

"အောက်မှာမနက်စာအတွက်သွားဝိုင်းလုပ်ပေးတာဗျ "

"အော်"

နှစ်ယောက်ကြားမှာ အရင်လောက်စကားတွေအများကြီးပြောမနေကြတော့ပါ ဆက်ဆံရေးဟာလည်းတစ်ဖြေးဖြေးအေးစက်နေတယ်လို့တောင် တခါတလေ သွင်သွင်တွေးမိသည်

အကိုက ဝတ်စားဆင်ပြီး လက်ဆွဲအိတ်တစ်လုံးနဲ့ ဂျူတီကုတ်လေးအားလက်မှာချိတ်ကာအောက်ဆင်းဖို့ပြင်နေလေသည်

"သွင်သွင်ရေမြန်မြန်ချိုး ပြီးရင်ကိုယ်နဲ့ဆေးရုံလိုက်ခဲ့…!အောက်မှာစောင့်နေမယ်မြန်မြန်မလုပ်ရင်ထားခဲ့မှာ…"

ဆိုကာအကိုက အခန်းထဲကထွက်သွားလေသည်

အကိုကဆေးရုံခေါ်သွားမယ်တဲ့ အကိုဆေးကုတယ်ဆေးရုံဆိုတာအကြီးကြီးပေါ့
ခိခိတယ်မိုက်သလိုအပြင်သွားမှာပဲ အကိုသူ့အနားပဲရှိစေချင်တယ်နဲ့တူတယ်ဟီး…!

သွင်သွင်တစ်ယောက်ကတော့ လိုရာတွေးကာ သဘောကျနေလေသည် ကမ္ဘာမှာ ကိုယ်စိတ်ကျေနပ်ရာတွေးပြီးတာနေမယ်ဆို ပျော်စရာကြီးပါ

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now