2🌱

2.5K 185 4
                                    


(Unicode version 🌱)

လိုနေချိန်တိုင်းမှာ🌱

နေရောင်ထွက်နေတဲ့သာယာတဲ့မနက်မိုးသောက်မှာ

"ဗျို့အကိုရေ…အကို…ဆရာလေးရေ"

အိမ်ရှေ့ဘက်မှအသံစွာစွာလေးထွက်လာတော့မဟာတ‌စ်ယောက်ဆက်အိပ်မနေတော့ပဲထထွက်လာတော့သည်

"အော်…သွင်သွင်လာလေးကွာ.!"

အိမ်ဝမှအိပ်ချင်မူးတူးနဲ့မျက်လုံးကိုလက်နဲ့ပွတ်နေသောအကိုကိုတစ်ချက်ကြည့်ပီးသွင်သွင်တချက်ပြုံးပီးဝင်လာလိုက်ပီအိမ်ရှေ့ကကွပ်ပစ်လေးမှာဝင်ထိုင်လိုက်သည်

"အကို…အိပ်ရေးမဝဘူးလား"

မဟာလည်းအိမ်ပေါ်ကဆင်းကာသွင်သွင်ဘေးမှာဝင်ထိုင်လိုက်ပီး

"ဟုတ်မယ်ထင်တာပဲ…မနေ့ကခရီးပန်းလို့ထင်ပါ့ရဲ့"

"အကို…မျက်နှာသွားသစ်လေသားအကြမ်းရည်(ရေနွေး)တည်လိုက်အုံးမယ်နော်…မနက်စာပါပြင်ထားပေးမယ်"

"ဟုတ်ပီဗျာအကိုရေတခါတည်းချိုးလိုက်တော့မယ်နော်ဟီးအိုက်လို့"

မဟာပြောပီးသွင်သွင်ဘေးကနေထရပ်ပီးအင်္ကျီတီရှပ်အားချွတ်ကာထထွက်သွားတော့သည်

မဟာကိုယ်အပေါ်ပိုင်းတွင်အဝတ်လွှတ်နေသောနေရာကိုသွင်သွင်တယောက်မထင်မှတ်ပဲမျက်လုံးပြူးကြည့်မိရာကကနေအတင်းအကြည့်လွဲရသေးသည်ပီးနောက်လုပ်စရာရှိရာတာပြင်ဆင်ထားလိုက်

မဟာရေးချိုးပီးထွက်လာတော့စားပွဲလေးမှာပဲပြုတ်နဲ့ဆီနဲ့ဆားနဲ့နယ်ထားတဲ့ထမင်းပန်းကန်လေးရယ်အလယ်မှာငါးခြောက်လေးရယ်အကြမ်းရည်(ရေနွေး)အိုးလေးနဲ့ထိုင်စောင့်သောသွင်သွင်ကိုတွေ့ရသည်မဟာသူကိုကြည့်နေတုံးမှာသူကခေါင်းမော့ကြည့်လာပီးပြောင်းဖူးစိလေးများစီတိုင်းထားသလိုသွားလေးစိ‌ပြလေးသည်

"ဝါးးးမွှေးနေရောပဲ"

မဟာစားပွဲမှာဝင်ထိုင်ပီးပြောလိုက်ပီးသူရှေ့တွင်ကပဲပြုတ်ထမင်းပန်းကန်ကိုကိုင်ကြည့်လေတော့သည်ဤသည်ကိုသွင်သွင်မြင်တော့

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now