4🌱

1.5K 129 13
                                    

(Unicode version 🌱)

လိုနေချိန်တိုင်းမှာ🌱

မဟာတယောက် စာပွဲဝိုင်းလေးမှာရွာဆေးပေးခန်းအတွက်လိုအပ်တဲ့ပစ္စည်းစာရင်းတွေနဲ့ထောက်ပံ့ငွေစာရင်းတွေလုပ်နေချိန် ဘေးမှာတော့ငူငူငိုင်ငိုင်နဲ့သွင်သွင်တယောက်ကိုမဟာတချက်ကြည့်ပီး…လုပ်လက်စစာရင်းကိုခနမျှရက်လိုက်ပီး…သွင်သွင်အား

"ကဲ…မင်းသားလေးပြောပါဦး…ဘာတွေငိုင်နေတာလည်းပျင်းရင်သွားဆော့ရင်ဆော့လေ…"

မဟာပြောလိုက်တော့သွင်သွင်က  စားပွဲပေါ်ကိုလက်လေးထောက်လျက်

"‌မဆော့ချင်ပါဘူး…အကို့ကိုဝိုင်းကူပေးချင်တာပါဆို…သားကိုဘာမှမခိုင်းတော့ဘူးလား…"

"ဟော်…မခိုင်းရက်လို့ပေါ့ဗျ…ကဲလာအကိုစီ…ဒီစာရင်းစာရွက်ထဲကဟာတွေတခုချင်းဆိုပြကိုယ်ကဒီစာရင်းထဲကဟာနဲ့တိုက်မယ်…"

မဟာပြောလိုက်တော့လည်းမျက်နာငယ်လေးကအားမရှိသလိုရုပ်လေးဖြင့်…စာရွက်အားကိုင်ကာခေါင်းငုတ်လျက်စိုက်ကြည့်နေရင်း…ဘာမှအကြောင်းပြန်မလာ…မဟာကစာရင်းလုပ်ရန်သွင်သွင်စောင့်နေရင်းခနအကြာထိသွင်သွင်ဖက်ကမစသေးသဖြင့်မဟာက

"သွင်သွင်လုပ်လေ…ကိုယ်ခိုင်းတော့လည်းမလုပ်ဘူး…ဖယ်ဖယ်ကိုယ်ပဲလုပ်ပါ့မယ်အပျင်းလေးး!"

စာရွက်ပြန်ယူပီးပြောလိုက်တော့မှခေါင်းလေးမော့ကြည့်လာပီးး

"ဟင့်…သားက…စာမှမတ်တာ…အင့်…အကို့ကိုကူလုပ်ပေးချင်တာကို…ဟင့်…စာမတတ်တော့ဘယ်လိုကူရတော့မလည်း…အူးဝါးးး"

ရုပ်တရက်ထငိုသောသွင်သွင်ကြောင့်မဟာလန့်သွားသည်

"အယ်…အယ်…မငိုနဲ့လေကိုယ်တကယ်မသိလို့ပါကွာ…လာလာကိုယ့်စီလာပါအုံး…မငိုရဘူးနော်"

မဟာကလက်နှစ်ဖက်အား…လက်ဆန့်ပီးခေါ်တော့မှသွင်သွင်ကတရွေ့ရွေ့နဲ့သူရင်ခွင်စီလာလေသည်

"အကို…သားကစာမတတ်ဘူးရယ်…ဟင့်…"

မဟာလည်းသွင်သွင်ရဲ့ကျောလေးအားဖြည်းညှည်းစွာပွတ်ပေးပီး

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now