21🌱

1.3K 81 26
                                    

[Unicode version]

♧︎︎︎လိုနေချိန်တိုင်းမှာ…

"ဟျောင့် မင်းဘာစောက်ချိုး ချိုးနေတာလဲ"

ဘေစင်၌ လက်ဆေးနေသော မဟာအား အနောက်ကနေလိုက်လာသော သွေးက မာန်ပါပါနှင့် ပြောလာလေသည်

"ဘာကိုလဲ …?"

‌အရှေ့ကမှန်ထဲနေ သွေးအား ကြည့်ကာ ပြန်ပြောလေသည်

"မင်း ဟိုကောင်လေးအပေါ်ဘာအချိုးချိုးတာလဲမေးနေတာ မင်းယူထားတာ သွင်သွင်နော် နွယ်မဟုတ်ဘူးဟေ့ကောင် မင်းလုပ်နေပုံကမသိရင် သွင်သွင်ကို မယားငယ်အဖြစ်ထားသလိုပဲဟျောင့် xီးပဲ သူကလေမင်းမျက်နှာကိုတစ်ကမ္ဘာထားပြီးလိုက်လာတာကွ သူက ဟိုလူ့ကြောက်ရဒီလူ့ကြောက်‌ရနဲ့… !"

ထိုသို့ စောနထဲကပေါက်ကွဲချင်နေသည့် စိတ်ကိုအခုမှလွှတ်ချကာ ပြောရတော့သည်

မဟာလည်း လက်အားတစ်ရှူးဖြစ်သုတ်လိုက်ပြီး ဘေစင်အားလက်ထောက်ကာ မှန်ထဲကနေသွေးအားကြည့်ကာပြောလာသည်

"မင်းနဲ့ဘာများဆိုင်လို့လဲ…!"

ထိုစကားဟာ သွေးရဲ့ စိတ်အားပိုပေါက်ကွဲစေသည်

"ဟ…! xီးစကားတွေလာပြောနေတာလား မအေဘေးရဲ့ ဟုတ်တယ်ငါနဲ့မဆိုင်ဘူး သူတောင်းစားရဲ့ မင်းကငါ့သူငယ်ချင်းမို့ပြောနေရတာ ငါ့သူငယ်ချင်းက သူများသားကိုယူထားပြီး စိတ်မချမ်းမသာနဲ့စိတ်ဒုက္ခတွေပေးနေတဲ့လူယုတ်မာမဖြစ်စေချင်လို့ ကွ မင်းပြောစမ်း နွယ်ပြောတာအမှန်လား မင်းကအဲ့ကလေးကိုတစ်နှစ်ပဲလက်ထက်မှာဆို တစ်နှစ်ပြီးရင် ကွာရှင်းမှာဆိုဟုတ်လား…!"

သွေးတစ်ယောက်ကတော့ အသံကုန်ဟစ်ပေါက်ကွဲကာပြောနေပေမဲ့ မဟာကတော့ အေးစက်စွာ ခေါင်းလည်းမငြိမ့်သိလို ခေါင်းလည်းမခါပြန်ပါ မျက်ခုံးကတော့တွန့်ပြလေသည်။

မှန်ထဲကနေတဆင့် သွေးနှင့် မဟာတို့မှာမျက်လုံးချင်းဆုံနေလေသည်။

"အေး လုပ် လုပ်စမ်းမအေဘေး ကွာရှင်းချင်တဲ့ချိန်ကွာရှင်းဟျောင့် အေး မင်းကွာရှင်းပြီးရင် အဲ့ကောင်လေးကို ငါခေါ်ထားမှာ ‌စိတ်ချမ်းသာအောင်လည်းထားပြမယ် ဘယ်သူမှလည်းကြောက်မနေစေရအောင် ‌ငါသင်ပြမယ် အေး နောက်မှသူများလက်ထဲရောက်တဲ့ပစ္စည်းက ပိုတန်ဖိုးကြီးတယ်တို့ လွှတ်သွားတဲ့ငါးကပိုကြီးတယ်တို့လာမလုပ်နဲ့
သေချာစဉ်းစားနောက်မကျခင်လေး နောင်တဆိုတာနောက်မှရတတ်တာကွ မင်းလည်းဆရာဝန်ပညာတတ်တစ်ယောက်ပဲ စဉ်းစားတတ်မှာပါ "

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now