24🌱

1.5K 78 15
                                    

[Unicode version]

"ဒုန်း…!"

မဟာကို လာတွဲသော သွင်သွင်အား မဟာ တွန်းထုတ်မိ‌တာကြောင့် သွင်သွင်အနောက်ကတံခါးဘောင်နဲ့ ဆောင့်ကာ အသံထွက်သွားခြင်းဖြစ်သည်။

မဟာကသွင်သွင်ဘက်အားလှည့်လာကာအကြောက်အကန့်နှင့်

"ဟ…!တော်ပါတော့ ဘာတွေလာရောနေတာလဲ စိတ်ပူချင်ယောင်ဆောင်မနေပါနဲ့ ငါကြောက်လှပြီမင်းကို  လူကိုအရယူပြီးပြီပဲ ငါ့စိတ်ကြိုက်တော့လုပ်ခွင့်ပြုပါလား ဟမ် ငါလုပ်ချင်တာလုပ်မှာပေါ့ အခုတော့ ငါ့ချစ်ရသူနဲ့လည်းဝေးကွာခဲ့ပြီးပြီ တော်သေးတာပေါ့ နွယ်ကနားလည်ပေးတဲ့ မိန်းကလေးဖြစ်လို့ မင်းဘာလိုချင်တာလဲ ပြော ပြောပါအုံး ငါ့အမေပြောတာငါ့နားထောင်ခဲ့ရမှာ  ငါ့အနားမှာ အကိုအကိုနဲ့ ငါကတော့ ညီလေးတစ်ယောက်အဖြစ် ချစ်ခဲ့မိတာကိုကငါမှားတာ အခုတော့ကွာ …တောက်"

မဟာကတောက် ခေါက်လောက်ပြီး အပေါ်သို့ ယိုင်ထိုးကာ တတ်သွားလေသည်။

"လူလေးရရဲ့လား သားမဟာ အစားအဖိုးကတောင်းပန်ပါတယ်ကွယ် အလုပ်မှာစိတ်ဖိစီးမှုများသွားလို့နေမှာပါ ပြီးတော့ အရက်ကြောင့်လည်းပါလို့ပါကွာ…"

သွင်သွင်အားဘေးကပြေးကာတွဲပေးလာကာ အဖိုးကထို့သို့ပြောတာကြောင့် သွင်သွင်လည်းတစ်ချက်ပြုံးပြကာ

"ဟုတ်ကျနော်စိတ်ထဲမထားပါဘူး အခုတော့လိုက်သွားအုံးမယ်အကို လှေကားမှာပြုတ်ကျမှ ခက်နေပါအုံးမယ်ဗျာ"

ဆိုကာရယ်စစလေးဖြင့်ဆိုပြီး မဟာအနောက်သို့ပြေးလိုက်သွားလေသည်။

သွင်သွင်အနောက်ကပြေးလိုက်သောလည် အကိုက‌ယိုင်ထိုးစွာတတ်သွားသာ်မှာချောချောမွေ့မွေ့ဖြစ် အခန်းထဲရောက်သွားလေသည်။ အနောက်ကသွင်သွင်ကတော့အကိုချောချော့မွေ့မွေ့ရောက်သွားတာကြောင့် အခုမှအသက်ကိုဝဝရှုနိုင်တော့သည်။

မဟာကုတင်ပေါ်၌ ခြေပစ်ဘက်ပစ်‌အိပ်ပျော်သွားတာကြောင့် သွင်သွင်လည်း  မဟာရဲ့ခြေရင်းဖက်သို့သွားကာ ခြေအိတ်တို့အားချွတ်ပေးလိုက်သည်။
အပေါ်အင်္ကျီကိုချွတ်ရန် လက်လှမ်းသော

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now