The end🌱

2.6K 77 2
                                    

[Unicode version]

ဒေါ်မာလာရိပ် အိမ်မှထွက်လာပြီး တစ်နေရာအရောက်တွင် ကော်ဖီဆိုင်တစ်ဆိုင်စီသို့လျှောက်လှမ်းလာခဲ့သည်။
အဆိုင်အပြင်အဆင်မှာ သားသားနားနားပါပင်ဆိုင်အတွင်းသို့ဝင်သွားပြီး
ဆိုင်အတွင်းသို့ရောက်သော ပတ်ဝန်းကျင်အားတစ်ချက်ဝေ့ကြည့်လိုက်ကာ တစ်စုံတစ်ယောက်အားရှာလိုက်သည်။
ဟိုတွေ့ရပါပြီ "နွယ်"ကိုတွေ့ရပါပြီ

နွယ်ဆိုသောကလေးမကလည်း သူ့ကိုမြင်သွားပုံရသည် ။မတ်တပ်ရပ်ကာသူ့အားပြုံးကာကြိုဆိုလေသည်။အချိန်မဆွဲပဲ ပြန်လည်ပြုံးပြလိုက်ပြီး ခပ်သွပ်သွပ်ထိုစားပွဲဝိုင်းသို့လျှောက်လှမ်းခဲ့ပြီး အနားသို့ရောက်တော့

"သမီးနွယ် ထိုင်ပါကွယ် "

"ဟုတ်အန်တီ သမီးတောင်အန်တီ့စီလာမို့ အန်တီချိန်းတာနဲ့အတော်ပဲ အန်တီဘာသောက်မလဲဟင်"

"ရပါတယ် ရေတစ်ခွက်ပဲမှာလိုက်ပါ"

"ဟုတ်"

အချိန်ခနအကြာ နွယ်ကပဲစကာ

"အန်တီ မောင်ကလေ အခုဟိုတောသားကိုတကယ်ကြီးသဘောကျနေပြီး သူတို့ကိုမြန်မြန်ကွာရှင်းခိုင်းပြီး သမီးတို့မြန်မြန်မင်္ဂလာဆောင်ရအောင်မဟုတ်ရင်မောင်က သူကိုစွဲလမ်းနေတော့မှာ…"

‌နွယ်ကထိုသို့စပြောတော့ ဒေါ်မာလာရိပ်က အရှေ့စားပွဲက ‌ဖန်ခွက်ထဲကရေကိုအ‌ကုန်သောက်လိုက်ပြီး

"အန်တီ အရင်ဆုံးတောင်းပန်ပါရစေ
သမီနွယ်ဆိုတာ အန်တီသားနဲ့ငယ်ပေါင်းတွေဖြစ်သလို အန်တီသမီးတစ်ယောက်လိုပါပဲ
မင်းမဟာရဲ့လက်တွဲဖော်ဖြစ်ခဲ့သလို အန်တီရဲ့ ချွေးမအနေဖြစ်လည်းအန်တီသက်မှတ်ခဲ့ပါတယ်"

"ဘာကိုဆိုလိုတာလဲ အန်တီ ဖြစ်ခဲ့တယ်ဆိုတာဘာသဘောလဲ ဖြစ်‌ခဲ့တာမဟုတ်ဘူးဖြစ်နေစဲပါအန်တီ"

ဒေါ်မာလာရိပ်ရဲ့စကားကို နွယ်ဖြတ်ပြောလိုက်တော့ ဒေါ်မာလာရိပ်က

"အဆုံးထိနားထောင်ပေးပါနွယ်
အန်တီသားဟာ သူ့စိတ်ကိုသေချာမသိပဲ နွယ့်ကိုဘဝလက်တွဲဖော်ဖြင့် တွဲခဲ့တယ် ပတ်ဝန်းကျင်သချို့ကလည်းသိနေပြီးသားပါ
သမီးပြောသလိုပါ သားဟာအခုဆိုရင် ဟိုကောင်လေးကိုသဘောကျတာထပ်ပိုနေခဲ့ပြီ"

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now