14🌱

1.1K 67 2
                                    

[Unicode version]

မင်္ဂလာပွဲလား အမင်္ဂလာပွဲလားသေချာမသိတဲ့လက်ထက်ပွဲကြီးကည6နာရီကျော်မှတာ သိမ်းတာဘာညာနဲ့ အကုန်ပြီးလေသည််ဘယ်လိုပြီးသွားမှန်းမသိလိုက်ပါ အခုအာလုံးပြီးသွားပြီမို့ သွင်သွင်တစ်ယောက်အခန်းထဲသို့တာဝင်လာနေလိုက်သည် သွင်သွင်ရဲ့ ညာဖက်လက် ကလက်သူကြွယ်မှာတော့ မြတ်နိုးရပါသောအကိုနဲ့ ဆင်တူဝဆင်ထားသည့် ရွှေမောင်းကွင်းလေး လက်ထက်လက်စွပ်ကနေရာယူထားလေသည်

သွင်သွင် ကတော့ ထိုလက်ထက်လက်စွပ်အားကြည့်ကာ မြတ်နိုးရပါသောအကိုနဲ့ လက်ထက်၇လို့ပဲပျော်ရမှာလား
ဒါမှမဟုတ် အကိုရဲ့ ခန္ဓာကိုယ်တာပိုင်ပြီး အကိုရဲ့စိတ်ကိုတော့မပိုင်ရလို့ဝမ်းနည်းရမှာလား
အကိုနဲ့ ကိုယ်ကပိုင်သလိုလိုဆိုင်သလိုလို
ပိုင်တာလားဆိုင်တာလား ကိုယ်တိုင်လည်းမခွဲခြားတတ်တော့ပါ

သေချာတာတစ်ခုက အကို့ ရင်ထဲအကို့ရဲ့ ချစ်သူနွယ်ဆိုသောအမျိုးသမီးတာရှိနေလေ့မည် သွင်သွင်ဘယ်သောအခါမှယှဥ်လို့မရမည့် အမျိုးသမီးပင် အကိုရဲ့ စိတ်ကိုပိုင်ဆိုင်လေ့မည်

သွင်သွင်တစ်ယောက်ရောက်ရာကိစ္စတို့ကို တွေးရင်သက်ပျင်းပင်တာအခါခါချမိနေလေသည်

ရုပ်တ၇က် အပေါ်မျက်ခုံးရော အောက်မျက်ခမ်းအစုံတို့မှာလှုပ်ခါနေလေသည်ကြောင့် သွင်သွင်လန့်နေရသည်

"ဘုရားရေ မျက်ခုံးတွေတော်တော်လှုပ်နေတာပဲ "

ဆိုကာ ခေါင်းရင်းဖတ်သို့လှည့်ပြီး မျက်လုံးမှိတ်ကာ ဘုရားကိုအာရုံပြုကာ ဘုရား၇ှိခိုးလိုက်သည် ခနအကြာဘုရားရှိခိုးလိုက်ပြီး နောက်ဆုံး၌

"အရှင်ဘုရားဘာမှဆိုးဆိုးဝါးဝါးမဖြစ်ပါရစေနဲ့ ဘုရား"

မြန်မာတွေရဲ့အယူအစအရ မျက်ခုံး မျက်ခမ်းများ လှုပ်ခပ်လျှင် တစ်ခုခုဖြစ်မည်ဆိုကာ ပြောတတ်ကြသည် ထို့ကြောင့်သွင်သွင်ကဆိုးဆိုးဝါးဝါးမဖြစ်ရန် ဘုရားအားအာရုံပြုကာ ရှိခိုးလိုက်ခြင်းဖြစ်သည်

****************

"ငါတို့ကဆေးခက် အေ့...ပေးလိုက်တာပါကွ ကောင်းစားသွားတာသွင်သွင်ရဲ့အဘွားကြီးကကောင်းစားသွားတာကွ အေ့..."

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now