အပိုင်း ၁

727 33 0
                                    

ကောင်းကင်တစ်ခွင်လုံးက မှိုင်းညို့နေတယ်။မကြာခင် မုန်တိုင်းလာတော့မယ့် ပင်လယ်ပြင်လို ပတ်ဝန်းကျင်က ငြိမ်ငြိမ်သက်သက်။လင်းထိန်နေတဲ့ ကတ္တရာလမ်းပေါ် သစ်ရွက်ကြွေသံသာ တရှပ်ရှပ်။လမ်းတစ်လျှောက် အိမ်တံခါးတွေပိတ်ကာ မီးအလင်းရောင်သာ လျှံကျနေသည်။

လက်ထဲကိုင်ထားတာအား ခပ်တင်းတင်းဆုပ်လိုက်မိသည်။ လမ်းထိပ်စျေးဆိုင်မှ ဝယ်ယူခဲ့သော ပဲနို့ကဒ်က စတော်ဘယ်ရီအရသာလေး။ဆိုင်ရှင်အန်တီကြီး အပိုပေးလိုက်တဲ့ ပဲနို့လေးကိုတပြွတ်ပြွတ်စုပ်ရင်း ခြေလှမ်းတွေကို သွက်မိသည်။အိမ်နှင့်ဆိုင်ကသိပ်မဝေး၍ တစ်ယောက်တည်းထွက်လာခြင်းအား ဖေဖေသိလျှင်ဆူအုံးမည်။

နှစ်မိနစ်စာသာကျန်သောခရီးလမ်းမှာ အိမ်လေးအားမြင်နေရပြီ။ကားကလေးမတွေ့ရသေးပုံထောက် ဖေဖေပြန်မရောက်သေးဘူးထင်။ကျေနပ်သလိုပြုံးမိတော့ ပါးပြင်ထက်ကပါးချိုင့်လေးနှင့်အတူ မှေးမှိတ်သွားတဲ့ မျက်ဝန်းဝိုင်းလေးတွေ။လူစည်ကားတဲ့နေ့အချိန်သာဆို လည်ပြန်ငေးကြည့်သူတွေ ခလုတ်တိုက်အုံးမည်။

"ကောင်လေး "

လူခိုနားရန်ပြုလုပ်ပေးထားသော ခုံတန်းလေးပေါ် ခပ်ကုတ်ကုတ်ထိုင်နေသော လူတစ်ယောက်။ခပ်ပွပွ အနွေးထည်အောက်က ခန္တာကိုယ်က ပိန်ပိန်လှီလှီ။ကျိုးတိုးကျဲတဲဆံပင်ဖြူတွေက ဇရာရဲ့အငွေ့သက်တွေ။လက်ထဲကိုင်ထားတာက ခပ်ထူထူ စာအုပ်တစ်အုပ်။ခပ်မှိန်မှိန်လမ်းမီးရောင်ကြောင့် မျက်နှာကအမှောင်ထဲ တစ်စွန်းတစ်စ။

"ဗျာ ငယ်ငယ့်ကိုခေါ်တာလား"

"ဟုတ်တယ် မင်း ဗေဒင်ကြည့်ချင်လား ဒီစာအုပ်လေးလက်ဆောင်ပေးမယ် ထောင့် ​ငါးရာပဲပေး"

ငြင်းမယ့်စကားလုံးတွေက လည်ပင်းကနေအောက်ပြန်ဆင်းတယ်။အိမ်ဘက်ပြန်လှည့်ကြည့်တော့ ဖေဖေမရောက်သေး။ရောက်လာလည်းကိစ္စမရှိ အိမ်အားမြင်နေရပြီဖြစ်၍ ဖေဖေလာခေါ်စရာမလိုတော့။ရှေ့ကလူကြီးအားဂရုဏာသက်လို့ လက်ဝါးလေးဖြန့်ပေးလိုက်တယ်။ဒီတိုင်း ပိုက်ဆံပေးလိုက်၍ရသော်ငြား သူတစ်ပါးအား စော်ကားမိမည်ကို ငယ်ငယ်ကြောက်ပါသည်။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now