Gနိုင်ငံကိုရောက်တာတစ်ပါတ်ပြည့်ပြီ။
"အခြေနေကမထူးခြားသေးပါဘူး"ဆိုတဲ့စကားသာ ပုံသေလိုဖြစ်နေတာ။ကန့်လန့်ကာတွေဖွင့်ထားတဲ့ မှန်ပြတင်းကျယ်ကြီးရှေ့ရပ်ရင်း မိုးသည်းညအောက် မီးရောင်လွှမ်းနေတဲ့ မြို့တော်ကြီးကိုစီးမိုးကြည့်မိသည်။ထိပ်ဆုံးထပ်မို့ တစ်မြို့လုံးကိုအထက်စီးမှမြင်နေရလေသည်။
ဆုံးဖြတ်ချက်တစ်ခုအား သေချာစွာချပြီးနောက် ကျောက်စက်ဆီဖုန်းခေါ်လိုက်သည်။
"ဟယ်လို ကိုCean "
"ငါပြောတာကိုသေချာနားထောင် တစ်ခုမှမလွဲစေနဲ့"
"ဟုတ်ကဲ့"
"ငါပြန်လာရင် တစ်မြို့လုံးမှာရှိတဲ့ စံပယ်ပင်တွေအကုန် ငါ့ခြံထဲမှာပဲမြင်ချင်တယ် စတော်ဘယ်ရီ နှစ်ဧကပါခြံထဲမှာစိုက်လိုက် ပြီးတော့ အိမ်အတွင်းအပြင် Decorationကိုလည်း ငါပို့ပေးတဲ့အတိုင်းအကုန်ပြောင်း အဲ့ဒီအတွက်တစ်လအချိန်ပေးမယ် လူအင်အားငွေအင်အားကိုကြိုက်သလိုသုံး ငါပြန်လာရင် အဆင်သင့်ဖြစ်နေပါစေ"
"ဟုတ်ကဲ့ ကျွန်တော်မှတ်မိပါတယ်"
ဖုန်းချပြီးသည်အထိ သူထိုနေရာကမခွာသေး။
"တစ်လ ....အချိန်တစ်လပေးမယ်ငယ်ငယ်လွတ်လွတ်လပ်လပ်နေ ပြီးရင်တော့ ကိုယ့်အတောင်အောက်မှာပဲဆက်ရှင်သန်သွားရမယ် မင်းရဲ့ဖြစ်တည်မှုကိုက ကိုယ့်အပိုင်ဖြစ်ဖို့ သတ်မှတ်ထားပြီးသား"
ကြုံးဝါးမှုအဆုံး လျှပ်စီးကဝင်းကနဲလက်သလို မိုးချုန်းသံကပ်ပါလာပုံက သူ့စကားကိုအားပေးနေသယောင်....
...............
"ဟပ်ချိုး....ဟပ်ချိုး"
"ကဲ ခုတော့ဖြစ်ပြီမဟုတ်လား မိုးရာသီ မိုးရေချိုးတာအပြစ်မပြောဘူး ခုတော့တစ်နေကုန်လျှောက်ဆော့နေတာလေ"
တိမ်ငွေ့ကပါးစပ်ကလည်းပြောရင်း လူကိုလည်းစောင်နှင့် ထုပ်နိုင်သမျှထုပ်ထားလေသည်။စောင်ပုံကြီးကြား မျက်နှာလေးသာပေါ်နေသူအား ဆေးတိုက်ဖို့ပါပြင်ပေးနေလေသည်။
"ဆေးခါးခါးကြီးမသောက်ချင်ပါဘူး ဟပ်ချိုး"
"မသောက်ချင်လို့မရဘူး မနက်ဖြန်ပိုဆိုးလာလိမ့်မယ် ဆေးဆရာလည်းနီးနီးနားနားရှိတာမဟုတ်ဘူး"
YOU ARE READING
OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒၵရာပိုင္တဲ့လျခမ္းငယ္ငယ္
Paranormalမင်းကိုပိုင်ဆိုင်ခွင့်နဲ့ပတ်သပ်လာရင် ကံကြမ္မာကိုတောင်စိန်ခေါ်ပစ်မယ်ငယ်ငယ်