အပိုင်း ၁၆

453 32 3
                                    


မီးလောင်နေတဲ့စံပယ်ခင်းကြား သူဟာကူကယ်ရာမဲ့။ပြာမှုန်တွေအဖြစ်လွင့်ပျံသွားတဲ့ထဲ သူ့မျက်ရည်တွေပါပျောက်ဆုံးကုန်သည်။

လန့်နိုးလာတော့ နှလုံးခုန်နှုန်းတွေက အတိုင်းထက်အလွန်။အသက်ကိုပြင်းပြင်းရှူမိမှ ပုံမှန်အခြေနေကိုပြန်ရောက်သည်။

မနေ့ညကသူ့သူငယ်ချင်းရောက်လာတာမြင်မှ သူပြန်လာခဲ့တာ။Horizonကတော့ အခြေနေကိုရှင်းပြပြီး Mallမှာမတော်တဆတွေ့ခဲ့​ကြောင်းသာ မုသားဆိုသည်။ထိုAlphaရဲ့မျက်ဝန်းတွေထဲ စိုးရိမ်မှုတွေအပြင်သူမသိတဲ့ အရောင်တစ်ချို့ရောလို့။သူကတော့ သူတို့ကိုCCTV ကနေသာကြည့်ဖြစ်သည်။

ထိုVVIPအခန်းက သူတို့မိသားစုဝင်တွေအတွက် သီးသန့်ခန်း။အစစအရာရာပြည့်စုံသလို ကင်မရာတွေနှင့် အသံဖမ်းစက်တွေက နေရာအနှံ့။Geoကိုယ်တိုင်တပ်ဆင်ထားတာ။

အပြစ်ရှိစိတ်ကြောင့် ထိုအခန်းဆီခြေမချဖြစ်တော့။သတိလည်မလာသေးသူကတော့ ကုတင်ထက်မှာ ငြိမ်ငြိမ်သက်သက်။စိုင်းတိမ်ငွေ့က ဘေးကခုံမှာဝင်ထိုင်ရင်း လက်ကလေးကိုဆုပ်ကိုင်သည်။မျက်နှာလေးဆီလက်လှမ်းထိလိုက်ပုံကမရဲတရဲ နာကျင်စေမိမှာစိုးရိမ်နေဟန်။

ကားနောက်မှီကိုကျောမှီရင်း လက်ထဲက Macbook ကိုပိတ်သည်။အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး တန်းအိပ်ယာဝင်ပစ်တယ်။ညနေစာမစားနိုင်တော့သလို အလုပ်လုပ်ချင်စိတ်လည်းမရှိတော့။ထင်ထားသည့်အတိုင်း အိပ်မက်ဆိုးက ဆီးကြိုတော့တာ။

အရင်လိုဒေါသမထွက်မိတာက သူ့အမှားဖြစ်နေလို့။အိပ်ယာမှထကာ ဝရံတာဆီခြေဦးလှည့်သည်။အကျင့်ပါနေကျအတိုင်း စီးကရက်ကိုခဲမိတော့ မီးခြစ်ခြစ်ဖို့အားအင်တွေမဲ့လို့။သက်ပြင်းချလို့ အခန်းထဲပြန်ဝင်မိတယ်။သောက်သူမဲ့တဲ့ စီးကရက်လေးက အမှိုက်ပုံးထဲတိတ်ဆိတ်စွာ။

အလုပ်ထဲရောက်သည်အထိ စိတ်ကကြည်လင်မနေ။နားထဲတပ်ထားတဲ့နားကြပ်ဆီက အသံတစ်ချို့ကြားမိမှ ဆေးရုံကအခြေနေကိုဖော်ပြနေတဲ့ Screen ဆီအကြည့်ပို့မိသည်။သတိရလာသူက ဘေးကသူငယ်ချင်းနှစ်ယောက်ကိုတွေ့တော့ တန်းငိုတော့တာ။တစ်ညလုံးသွင်းထားတဲ့ဆေးတွေကြောင့် အနီပိန့်တွေပျောက်ကာ နေရတာသက်သာသွားဟန်။
စိုင်းတိမ်ငွေ့ရင်ခွင်ထဲတိုးဝင်ပြီး ကလေးတွေလိုငိုနေတာ။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Onde as histórias ganham vida. Descobre agora