အပိုင်း ၁၇

383 35 4
                                    


ပန်းချီကားကိုလက်စသတ်ကာ အကြောဆန့်လိုက်တယ်။နေ့လည်စာစားပြီးကတည်းက ဆွဲနေတာမို့ ညနေစောင်းထိဆိုတော့ ခါးတွေညောင်းနေပြီ။အပျင်းပြေသရေစာစားဖို့ပြင်တော့ ရေခဲမုန့်လေးစားချင်လာရော။

လက်ကျန်ရေခဲမုန့်လေးကမနေ့က,စားလိုက်တာမို့ ရေခဲသေတ္တာထဲမှာမရှိတော့။အညောင်းအညာပြေလမ်းလျှောက်ရင်း ရေခဲမုန့်သွားဝယ်စားဖို့စဥ်းစားမိတယ်။နောင်းညိုကအိမ်မှာမရှိတာမို့ သူခိုးထွက်လို့ရလောက်သည်။

ဟိုကိစ္စဖြစ်ပြီးသွားကတည်းက အပြင်ထွက်ခွင့်မရတာ ၂ပါတ်ပြည့်တော့မည်။ချုပ်ချယ်တယ်လို့မခံစားမိဘဲ နွေးထွေးမှုတွေခံစားရတာက သူတို့ရဲ့မေတ္တာတွေကြောင့်။သူစိမ်းတွေဆီက မိသားစုဆန်ဆန်မေတ္တာတွေရထားတာ သူဟာသိပ်ကံကောင်းပါသည်။

စတော်ဘယ်ရီသီးလေးတမြုံ့မြုံ့ဝါးလို့ စတိုးဆိုင်ရှိရာဆီထွက်ခဲ့တယ်။ဆောင်းဝင်လာပြီမို့ နေဝင်စောသည်။ယခုလေးနာရီကျော်ပြီမို့ မကြာခင် အမှောင်ထုလေးစိုးမိုးလာတော့မည်

လမ်းဘေးသစ်ပင်မှ မမှီမကမ်းသစ်ရွက်လေးကို လက်ဖြင့်ခုန်ခူးလိုက်ပါသေးသည်။သစ်ရွက်လေးကကျီစားသလို လေနှင့်လွှင့်ကာသူ့လက်မှရှောင်တော့ သူသဘောတကျရယ်ပစ်လိုက်သည်။အကောင်းမြင်တတ်တဲ့စိတ်ရှိရင် သစ်ရွက်လေးတစ်ရွက်ကြောင့်လည်း ပျော်ရွှင်မှုကိုရှာတွေ့နိုင်ပါတယ်။

ဆိုင်ထဲရောက်တော့ Betaအစ်ကိုကပြုံးပြသည်။ဒီနေ့လည်းလူရှင်းနေပြန်ပါပြီ။

"ဘာလိုချင်လို့လဲညီလေး ဟိုတစ်ယောက်ကောမပါဘူးလား"

"သူကမအားလို့မလိုက်လာဘူး စတော်ဘယ်ရီရေခဲမုန့်လိုချင်လို့"

ပြောရင်း ရေခဲသေတ္တာထဲမှစားနေကျဗူးလေးတစ်ဗူးထုတ်ယူလိုက်သည်။ဗူးကိုချက်ချင်းဖောက်စားတော့ ခံတွင်းထဲမှာကျင်ခနဲ။ခန္တာကိုယ်လေးတုန်ခနဲဖြစ်သွားတော့ Betaအစ်ကိုက သဘောတကျရယ်လေသည်။

ပိုက်ဆံရှင်းရင်းမြင်မိတာက ဘေးမှာတင်ထားတဲ့ နှိပ်မီးခြစ်အနီရောင်လေး။ရုတ်တရတ်မျက်ဝန်းတွေဝေ့ဝဲရှာမိတာက စီးကရက်တွေတင်ထားသည့်စင်ဘက်။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now