အပိုင်း ၂

414 28 0
                                    

ကြိုးစားရုန်းကန်ခွင့်မရှိတဲ့ငရဲ။ခန္ဓာကိုယ် အောက်ပိုင်းဆီမှနာကျင်မှု ထိန်းချုပ်မခံရပါဘဲ လှုပ်ရှားမရအောင် နာကျင်နေတဲ့လက်တွေ။သူ့အားဖျက်ဆီးနေတဲ့ ထိုလူနှစ်ယောက်။ထို့နောက် ကုတင်ခြေရင်းဆိုဖာမှာ ခြေချိတ်ထိုင်ကာ ဝိုင်တစ်ခွက်အား အရသာခံကာသောက်နေသူ။ခပ်ရှည်ရှည် မျက်ဝန်းပြာ တစ်စုံထဲက ရွံရှာမှုတွေ။ဆေးလိပ်အားမီးညှိလို့ တစ်ချက်ရှိုက်ဖွာလိုက်ပုံက တစ်လောကလုံးအား ဂရုမစိုက်သည့်ဟန်။

ငယ်ငယ် ကြိုးစားအော်ဟစ်သော်ငြား အသံကထွက်မလာ။ သူအိမ်မက်မက်နေတာ။သူဖတ်ခဲ့တဲ့ ဝတ္ထုထဲက လခြမ်းငယ်ငယ်နေရာကို သူရောက်နေတာ။အိမ်မက်မက်နေမှန်း သိနေသော်လည်း နိုးထလို့မရ။အစစ်မှန်နှင့်တူသော ထိုအိမ်မက်က ငယ်ငယ့်အတွက် လောကငရဲ။

အရာအားလုံးပြီးဆုံးသွားချိန် ခွဲစိတ်ကုတင်ပေါ်ရောက်နေတဲ့သူ။အသက်ရှူနိုင်ရုံမျှ ထိုအခြေနေမှာ သူဟာအစိမ်းသက်သက် ခွဲစိတ်ခံနေရပါသတဲ့။နံဘေးမှာ ခံစားချက်မဲ့စွာ ရပ်ကြည့်နေသူက ထို Alpha။သူ့အားခွဲစိတ်နေသူက ထို Alpha ရဲ့ဒုတိယညီ မိုးကုတ်စက်ဝိုင်း။နာကျင်မှုက တကယ့်လက်တွေ့လိုမျိုး။နာကျင်မှုကြောင့် မျက်ရည်တွေတောင် မရပ်တန့်နိုင်တော့။

မကြာခင် နောက်ဆုံးအချိန်ဆိုတာ သိလိုက်ရတော့ မျက်လုံးတွေသာမှိတ်လိုက်မိတယ်။အိမ်မက်ဆိုးကနေ မြန်မြန်နိုးထချင်ပြီ။ပြီးရင် မေ့မေ့ရင်ခွင်ထဲ တိုးကာ အိမ်မက်ဆိုးမက်ကြောင်းပြောပြမည်။မေမေ့ရဲ့နွေးထွေးတဲ့ နှစ်သိမ့်မှုတွေနှင့်အတူ ကျောလေးပုတ်ပေးတာကိုခံမည်။မှောင်မိုက်သွားတဲ့ အမြင်လွှာနဲ့အတူ လွင့်ပျောက်သွားတဲ့ ဝိဥာဉ်စလေးတစ်ခု။

ဆတ်ခနဲလန့်နိုးလာတော့ အပူတစ်ခုက တစ်ကိုယ်လုံးမှာ။ချွေးစေးတွေနဲ့စိုကပ်နေတဲ့ အဝတ်တွေကြောင့် နေရတာသက်သောင့်သက်သာမရှိ။စံပယ်ပန်းရနံ့လေးတွေရှူရှိူက်မိတော့ စိတ်ကြည်နူးစွာပြုံးလိုက်မိတယ်။မိုးရေစွတ်ဖြန်းခံထားရတဲ့ ပန်းရနံ့က နှာသီးဝမှာ လတ်လတ်ဆတ်ဆတ်။မျက်စိကို အားယူဖွင့်တော့ စူးရှရှနေရောင်ကဆီးကြိုသည်။မျက်စိခဏပြန်မှိတ်လို့ အလင်းရောင်ကို အသားကျရန်ညှိယူလိုက်သည်။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now