အပိုင်း ၂၀

405 40 4
                                    


အပြေးတစ်ပိုင်းအခန်းထဲဝင်ကာ lockချလိုက်တော့ အခန်းထဲရှိနေတဲ့ နောင်းညိုကစိုးရိမ်တကြီးရောက်လာလေသည်။

"ငယ်ငယ် ဘယ်တွေရောက်နေတာလဲ ဖုန်းလည်းခေါ်လို့မရဘူး အဝတ်တွေကကောဘာဖြစ်လာတာလဲ"

ပုခုံးမှဆုပ်ကိုင်ကာ စိုးရိမ်တကြီးမေးတော့ အားပါးတရငိုချမိတော့တာ။အငယ်ဆုံးတစ်ယောက်ဇွတ်လိုက်ပို့သောကားနှင့် ပြန်လာတာကြောင့် ကားအတွင်းမှာမငိုဖြစ်ခဲ့။မငိုနိုင်ခဲ့တာဆိုပိုမှန်ပါမည်။

မြေအောက်ကားParking ရောက်သည်နှင့် နှုတ်မဆက်ဘဲပြေးဆင်းမိကာ ဓာတ်လှေကားထဲဝင်သည်အထိ တုန်ယင်နေတာမပျောက်။အခုအခန်းတံခါးပိတ်လိုက်တော့မှ လုံခြုံသည်ဟုခံစားရကာ နောင်းညို၏နွေးထွေးမှုက ထိန်းထားသည့်မျက်ရည်အားလုံး အရည်ပျော်ကျစေပါသည်။

"အရမ်းကြောက်နေတာလား လာ..ခုံမှာအရင်ထိုင်လိုက် ပြီးမှကိုယ့်ကိုပြောပြ"

ပြောပြီးခုံမှာထိုင်စေကာ စားပွဲထက်ရေကရားထဲမှ ရေတစ်ခွက်ငှဲ့ပေးသည်။ရေကိုအငမ်းမရသောက်ရင်း အသက်ပြင်းပြင်းရှူရသည်။

"အဆင်ပြေလား ထပ်ငိုချင်သေးလား"

ခေါင်းထပ်ရမ်းပြကာ ရင်ခွင်ထဲပြန်တိုးဝင်မိသည်။လက်တစ်ဖက်က ခေါင်းမှဆံပင်တွေကိုသပ်တင်ပေးရင်း အခြားလက်တစ်ဖက်က ကျောပြင်ကိုခပ်ဖွဖွလေးပုတ်ပေးလာလေသည်။မေမေ့ကိုသတိရလိုက်တာအရမ်းပဲ။

တိမ်ငွေ့က လုံခြုံမှုတွေပေးစွမ်းတဲ့ ဖေဖေနှင့်တူသည်ဆိုလျှင် နောင်းညိုက နွေးထွေးမှုကိုပေးစွမ်းတဲ့ မေမေနှင့်တူတဲ့သူငယ်ချင်းလေး။

"နောင်းညို"

"ဟင် ဘာပြောမို့လဲလခြမ်းလေး"

"ငယ်ငယ်ကြောက်တယ်"

"ငါ့ကိုပြော ဘယ်သူ့ကိုကြောက်တာလဲ"

"ဟင့်အင်း"

"လခြမ်းလေးပြောမှ ငါကသိမှာပေါ့ သိတယ်မလားငါ့မှာလည်းလုပ်နိုင်စွမ်းတစ်ချို့ရှိပါတယ် တိမ်ငွေ့လည်းရှိတယ်လေ နှစ်ယောက်ပေါင်းရင် ဘယ်သူမှလခြမ်းလေးကိုအနိုင်မကျင့်ရဲပါဘူး ပြောပြ ညနေကဘာဖြစ်တာလဲ"

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Onde as histórias ganham vida. Descobre agora