"ဥယာဥ်မှူးလေး ဒီတစ်ခေါက်ခရီးက ဘာသွားလုပ်တာလဲ""ပန်းမျိုးစေ့တွေ သွားပို့တာ"
"ဘယ်အထိသွားလို့ ဒီလောက်ကြာနေတာလဲ"
"နယ်စပ်"
"တစ်ယောက်တည်းလား"
"အဖော်တွေပါတယ်"
"သွားနေကျလား"
"ဟုတ်တယ်"
"နောက်တစ်ခါ ကိုယ်ရောလိုက်လို့ရမလား"
"မရဘူး"
"ဘာလို့တုန်း"
"စကားများလို့"
"ဟွန့်"
နှာမှုတ်ကာ ကားမှန်ဘက်လှည့်လိုက်တယ်။ဥယာဥ်မှူးလေး နှူတ်ခမ်းတွေကွေးညွတ်နေတာ ကားမှန်ပေါ်မှာအထင်းသား။စိတ်မရှည်ဘူးဆိုပြီး မေးသမျှဖြေပေးတတ်သူက အပြင်ပိုင်းအေးစက်ပြီး နှလုံးသားနွေးထွေးတဲ့သူ။
အလုပ်ကိစ္စနှင့်လာတာဟု အကြောင်းပြကာ သူခရီးထွက်နေချိန် သူ့ပျိုးဥယာဥ်အတွင်း နေ့တိုင်းခြေချဖြစ်သည်။သူပြန်လာချိန်တွင်လည်း သူ့အိမ်မှာခိုကပ်နေသည်။ယခု Yမြို့သို့အသွားတွင်လည်း စကားပြောဖော်ရအောင်ဟုဆိုကာ ကားနှင့်ဇွတ်လိုက်လာသည်။
တောင်ပေါ်လမ်းတစ်လျှောက် အကွေ့အကောက်တွေပေါသော်လည်း မောင်းနေကျလူက ကျွမ်းကျွမ်းကျင်ကျင်။လမ်းဘေးဝဲယာမှ သစ်ပင်ကြီးတစ်ချို့က စိမ်းစိမ်းစိုစို။နေကြာရိုင်းများက ဝါဝါဝင်းဝင်း။တောပန်းရနံ့က မွှေးမွှေးပျံ့ပျံ့။အရာအားလုံးကဗျာဆန်နေခြင်းဟာ မြတ်နိုးနေရသူရဲ့ အပြုံးလက်လက်ကြောင့် ။
"ပထဝီ"
"ဗျာ"
ဘယ်သူမှမသုံးဖူးတဲ့ နာမ်စားလေးတစ်လုံးဟာ သူပေးတဲ့ ကျွန်တော့်အတွက်လက်ဆောင်။
"မင်းက အမြဲအားနေတာပဲနော်"
"ဟုတ်တယ် အစ်ကိုနှစ်ယောက်ရှာထားတာတွေတောင် ကျွန်တော်သုံးလို့မကုန်နိုင်ဘူး အဲ့တော့အလုပ်မလုပ်ချင်ဘူး"
"ကိုယ်ပိုင်ဝင်ငွေဘယ်တော့ရှာမှာလဲ"
"တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်ရရင် သူ့အတွက်ရှာပေးမယ်"
YOU ARE READING
OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒၵရာပိုင္တဲ့လျခမ္းငယ္ငယ္
Paranormalမင်းကိုပိုင်ဆိုင်ခွင့်နဲ့ပတ်သပ်လာရင် ကံကြမ္မာကိုတောင်စိန်ခေါ်ပစ်မယ်ငယ်ငယ်