အပိုင်း ၁၄

407 34 0
                                    


"အခုလို ကျွန်တော့်ကိုယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"မင်းအဖေလက်ထက်ကတည်းက နံမည်ရှိပြီးသားမို့လို့ မင်းကိုအခွင့်အရေးပေးတာပါ ယုံကြည်လို့ရမယ်မဟုတ်လား"

"စိတ်ချပါ ကျွန်တော့်ကိုယုံလို့ အမှားမရှိစေရပါဘူး"

"ဒါဆို နောက်လည်းဆက်ပြီးလက်တွဲချင်ပါသေးတယ်"

"ဆက်သွယ်လာမှာကို စောင့်နေပါ့မယ်"

"တစ်ခါတည်းပြန်မှာလား အပျော်လေးဘာလေးမရှာတော့ဘူးလား"

"မလိုက်တော့ပါဘူးဗျာ ကျွန်တော်စိတ်မဝင်စားတတ်လို့ပါ"

"ဧကန္တ ဆိုင်သူရှိပြီးသားများလား မကြားမိသေးသလိုပဲနော်"

"မရှိသေးပါဘူးဗျာ သူငယ်ချင်းတွေဆီအလည်လာရင်းနဲ့မလို့ပါ သူတို့စိတ်ပူနေမှာဆိုးလို့"

"အဲ့ဒါဆို ဒီနေရာမှာတင်လမ်းခွဲကြတာပေါ့"

"ဟုတ်ကဲ့ ကောင်းကောင်းသွားပါဗျ"

အားလုံးပြီးသွားမှ သူ,ထိုဆိုင်မှထွက်ခဲ့သည်။ကောင်းကင်ကြီးကိုမော့ကြည့်တော့ နေရောင်ကစူးရှရှ။မျက်လုံးကိုလက်နှင့်ကာပြီး ခေါင်းပြန်ငုံ့လိုက်သည်။

ဒီကပြန်လျှင်လခြမ်းတို့ဆီဝင်ရမည်။ဒီနေ့ ကိုစက်ရိပ်တို့အားသဖြင့် သုံးယောက်သားလျှောက်လည်သည်ပြောသည်။သူကတော့ အလုပ်ကိစ္စကြောင့်မလိုက်ဖြစ်။

ဒီတစ်ခါရောက်လာတာ လခြမ်းနဲ့သိပ်မတွေ့ဖြစ်။ဘယ်ကပေါ်ပေါ်လာမှန်းမသိသော ဇွတ်ရေစက်ဆုံချင်သူကြောင့် အမြဲပါပါသွားရတာ။ဒီနေ့တော့ လခြမ်းကိုအချိန်ပေးအုံးမည်။

"အယ် ဥယျဥ်မှူးလေး တိုက်ဆိုင်ပြန်ပြီနော်"

အတွေးမဆုံးမီရောက်ချလာသူက ကောင်းကင်ပြာပြာကြီးအောက် မြေပြင်ထက်က တိမ်ပြာပြာလေးလို။ ဟိုတစ်နေ့ကသွားဆိုးခဲ့သည်ဆိုသော ဆံပင်အပြာရောင်လေးက အသားဖြူသောသူနှင့် သိပ်ပေါ်လွင်နေသည်။အဖြူရောင်တီရှပ်ပေါ် အပြာနုရောင်ရှပ်လက်ရှည်နှင့်နက်ပြာရောင်ဂျင်းဘောင်းဘီက သူ့အားပိုငယ်ရွယ်စေသလိုမျိုး။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now