အပိုင်း ၁၀

400 28 0
                                    


အလုပ်ခန်းထဲ စားပွဲထက်က Macbook ကိုဖွင့်ထားသော်ငြား သူ့စိတ်တွေက တခြားနေရာဆီမှာ။တစ်ပါတ်လုံးစိတ်မကြည်နေတာ အိပ်ရေးမဝလို့မဟုတ်။ဟိုတစ်ယောက်လက်ထဲပါသွားတဲ့ ပုံရိပ်လေးကိုတွေးမိတော့ ဒေါသတွေက ပွက်ပွက်ဆူလာရော။

ဘာကိုဒေါသထွက်လို့ထွက်မှန်းမသိ။ဘာဖြစ်ချင်လို့ ဖြစ်ချင်နေမှန်းမသိ။သေချာတာတစ်ခုက ထိုတစ်ယောက်နှင့်ပတ်သပ်နေပါသည်။ဒီတစ်ပါတ်တည်း သောက်ဖြစ်တဲ့စီးကရက်တွေ သိပ်များနေပါပြီ။

Horizonက ဆိုင်မှာသွားစားမည်ဟုဖုန်းဆက်လာသဖြင့်။ပို့ပေးသောလိပ်စာအတိုင်းသာ ထွက်လာလိုက်သည်။ယနေ့ရာသီဥတုက မိုးအုံ့နေ၍ ကြည်ကြည်လင်လင်မရှိ။စိတ်ဓာတ်ကျစရာ အငွေ့အသက်အပြည့်နှင့်။

ဆိုင်လေးကရိုးရာစားသောက်ဆိုင်လေး။သန့်ရှင်းသပ်ရပ်ပြီး တိတ်တိတ်ဆိတ်ဆိတ်သာ။စားပွဲတစ်လုံးနှင့်တစ်လုံးကြား အကန့်လေးသာကန့်ထားပြီး သီးသန့်ခန်းတော့မဟုတ်။သူမျက်ခုံးပင့်ကာ လျှောက်လာခဲ့တော့ Horizonက လက်လှမ်းပြသည်။

Maskကိုချွတ်လို့ မျက်နှာချင်းဆိုင်မှာဝင်ထိုင်တော့ Menu စာအုပ်ကိုရှေ့တိုးပေးသည်။

"ဆိုင်ကတော့သိပ်မကြီးကျယ်ဘူး အစားအသောက်အရမ်းကောင်းလို့ ကိုCean ကိုလှမ်းခေါ်လိုက်တာ ဒီတလောသိပ်မစားဘူးလို့ကြားလို့"

ဘယ်သူ့ဆီကလဲလို့မေးစရာမလို သက်တော်စောင့်ခေါင်းဆောင်ဆီကနေမှာပေါ့။ဘာမှမပြောသေးဘဲ Menuစာအုပ်ကိုသာလှန်လိုက်ပြီး အနည်းငယ်သာမှာလိုက်သည်။စားပွဲထိုးလေးထွက်သွားမှ နှစ်ယောက်သားအကြည့်ချင်းဆုံဖြစ်သည်။

"ကိုCean နေမကောင်းဘူးလား မျက်နှာနည်းနည်းချောင်ကျသွားသလိုပဲ အိပ်ကောအိပ်ရဲ့လား"

"အိပ်ပါတယ် ဒီအတိုင်း အလုပ်တွေနည်းနည်းရှူပ်နေလို့"

"တော်ရုံပဲလုပ်ပါကိုCeanရာ အခုအခြေနေနဲ့တောင် ဆယ်သက်စားမကုန်ဖြစ်နေပြီ ကျွေးစရာသားသမီးတွေလည်းရှိနေတာမဟုတ်ဘဲနဲ့"

"အဟွန်း ဒါနဲ့ အငယ်ကောင်ရော မခေါ်ထားဘူးလား"

"Geoကခရီးထွက်သွားတယ်ကိုCeanရဲ့ Sပြည်နယ်ဖက်ကိုတဲ့ အလုပ်ကိစ္စနဲ့သွားရင်း လည်ပတ်ပြီးမှပြန်လာမယ်လို့တော့ပြောတယ်"

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now