အပိုင်း ၃

388 25 0
                                    

ကောင်းကင်ကြီးက မိုးသားတွေတစ်လိပ်လိပ်။မကြာမီ မိုးကြီးကြီးရွာတော့မည်မှန်း သိသာစွာ။အခန်းကျယ်ကြီးအတွင်းမှာတော့
အဲကွန်း မဖွင့်ဘဲအေးစိမ့်စိမ့်။အပြင်ဘက် ရာသီဥတု နှင့် အပြိုင် ရာသီဥတုက မသာမယာ။

"ခွမ်း"

ပစ်ထုတ်လိုက်တဲ့ စံပယ်အိုးလေးက နံရံနှင့်ထိလို့ အစိတ်စိတ်အမွှာမွှာ။ဝန်ထမ်းအသစ်လေးက ငိုချမတတ်တုန်ရီနေမိကာ ခေါင်းပင်မဖော်ရဲ။အတွင်းရေးမှုး ကျောက်စက်နေရောင် တစ်ယောက် ခေါင်းသာခါမိကာ ထိုကောင်မလေးအား ထွက်သွားဖို့အချက်ပြလိုက်သည်။Beta ဝန်ထမ်းလေးခင်မျာ လေးကလွှတ်တဲ့မြှားလို ပြေးထွက်သွားတာ ခလုတ်တွေပါတိုက်လို့။

"ကိုCean စိတ်လျှော့လိုက်ပါ ကျွန်တော်လိုသွားတာ အသစ်လေးမို့မပြောပြရသေးလို့"

ထိုအခါမှ ဒေါသထွက်နေသူက စိတ်လျှော့လိုက်သလို နက်ခ်တိုင်အား ဆွဲဖြေကာ သူ့ဘက်လှည့်လာသည်။ဓားသဏ္ဍာန်မျက်ခုံးတွေကို ကျုံ့ထားကာ ရှည်လျားကျဉ်းမြောင်း
ကာစူးရှနေသော အပြာရောင်မျက်ဝန်းတွေအားမှေးစင်းထားလေသည်။ပါးလျလျနှုတ်ခမ်းတွေကို တင်းတင်းစေ့ထားတာကြောင့် ထင်ရှားတဲ့မေးလိုင်းတွေက ခပ်တင်းတင်း။

"နောက်ဆိုရင် ကုမ္မဏီစည်းကမ်းချက်ထဲကို တစ်ချက်ထပ်ထည့်ထား ကုမ္မဏီအတွင်း ဘာပန်းမှမမြင်ချင်ဘူး အထူးသဖြင့် Jasmine
အဲ့ဒီအနံ့ပါတဲ့ ဘာအသုံးဆောင်မှ မရှိစေနဲ့"

"ဟုတ်ကဲ့ ကျွန်တော်အခုဘဲ အားလုံးကိုကြေငြာလိုက်ပါ့မယ်"

ပိတ်သွားတဲ့တံခါးကိုကြည့်လို့ သူသက်ပြင်းချကာ ခုံမှာကျောမှီချလိုက်တယ်။သူပန်းတွေကိုမကြိုက်ဘူး။အထိခိုက်မခံလို့။နူးညံ့သိမ်မွေ့ပြီး တယုတယဖြစ်တာတွေကိုသူမကြိုက်ဘူး။ဒါကြောင့် Omega တွေကိုသူမကြိုက်ဘူး။အရမ်းပျော့ညံ့လွန်းတယ်။

ပြီးတော့ အဲ့အနံ jasmine ။သူတစ်သက်လုံးမုန်းလာတဲ့ထိုပန်း။ အရင်တစ်ပါတ် သူ့Shopping Mallကိုသွားစစ်ဆေးတုန်းကရခဲ့တဲ့အနံ့။သူနှင့် ကိုက်ညီမှုရာနှုန်းပြည့်ရှိတဲ့ ထိုဖယ်ရိုမုန်းတွေ။သိပ်မုန်းဖို့ကောင်းတာ။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now