အပိုင်း ၁၂

396 33 0
                                    


ဒီနေ့ငယ်ငယ်တစ်ယောက်တည်း စတိုးဆိုင်ဆီထွက်ခဲ့သည်။ဟိုသုံးယောက်ကသူတို့အလုပ်နဲ့သူတို့မအားကြ။ကိုကြီးက ဦးလေးခိုင်းလိုက်တဲ့အလုပ်ကိစ္စကြောင့် တစ်ဖက်ဧည့်သည်နှင့်သွားတွေ့သလို နောင်းညိုကလည်းသူ့အဖေအစား လုပ်ငန်းခွင်သို့သွားစစ်ဆေးပေးနေရသည်။တိမ်ငွေ့ကလည်း မိတ်ဆွေတစ်ဦး၏ချောဆွဲမှုကြောင့် ညနေမှပြန်လာမည်တဲ့။

မနေ့ကထုတ်ပြန်လိုက်တဲ့ဥပဒေကြောင့်
သူတစ်ညလုံးအိပ်လို့မပျော်။သူပြည်ပထွက်မည်ဟုဆုံးဖြတ်ပြီးကာမှ ထိုဥပဒေကထုတ်ပြန်လာသည်တဲ့။သူသွားမည့်ကိစ္စအားလည်း နောင်းညိုနဲ့တိမ်ငွေ့အားမပြောပြရသေး။ကံကြမ္မာကသူ့ဘက်မှာမရှိဘူးထင်ပါရဲ့။ကိုကြီးကတော့ သူ့ကိုအားပေးပါသည်။သူနည်းလမ်းရှာကြည့်ပေးပါမည်တဲ့။နည်းလမ်းရှာမရရင် သူတိမ်ငွေ့နှင့်သွားနေမည်ဟုဆုံးဖြတ်ထားသည်။

သူစိတ်ညစ်တိုင်းလုပ်လေ့ရှိတာက ရှိသမျှအစားအကုန်စားပစ်တတ်တာပဲ။ဒါ​ကြောင့် အိမ်မှာ ပဲနို့ကုန်နေပြန်ပြီ။သုံးယောက်လုံးက ညနေပြန်လာမှဝယ်ခဲ့ပေးမည်တဲ့ ငယ်ငယ်ကအခုသောက်ချင်နေတာကို။ပြီးတော့ ဟိုလူကြီးရဲ့ပိုင်နက်ထဲမသွားမချင်း သူ့မှာပြဿနာမရှိ။လမ်းထိပ်ဆိုင်လောက်ကတော့ နောင်းညိုနဲ့သွားနေကျ။

လူကုံထံရပ်ကွက်ဖြစ်၍ လူရမ်းကားတွေကိုလည်းကြောက်စရာမလို။ဆိတ်ငြိမ်နေတဲ့လမ်းတစ်ဖက်တစ်ချက် ခြံဝန်းကျယ်တွေသာရှိသည်။သူနေသည့်တိုက်နှင့် စတိုးဆိုင်က ဆယ့်ငါးမိနစ်ခန့်လျှောက်လျှင်ရောက်သည်။

စတိုးဆိုင်ထဲဝင်တော့ ဝယ်သူကမရှိ။ရောက်တုန်းရောက်ခိုက် စားချင်သည့်မုန့်များအား အကုန်လိုက်ကြည့်ဖြစ်သည်။ကောင်တာမှာထိုင်နေတဲ့ Beta​အစ်ကိုကတော့ အိပ်ငိုက်နေလေသည်။

ချောင်ကျတဲ့နေရာမှာ စင်ပေါ်တင်ထားတဲ့ အရုပ်တစ်ချို့က သူ့စိတ်အားဖမ်းစားသည်။အိမ်မှာအရုပ်တွေအပြည့်ရှိသော်လည်း ချစ်စရာကောင်းတာလေးတွေမြင်ရင် မနေနိုင်သောစိတ်က လိုချင်နေမိပြန်သည်။ထိပ်ဆုံးတန်းမှာတင်ထားသော ယုန်ရုပ်လေးကအဖြူစွတ်စွတ်လေး။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now