အပိုင်း ၁၃

404 34 0
                                    


"ကိုCean ကိစ္စရှိလို့လား"

"မရှိရင် လာမလည်ရတော့ဘူးလား"

"မဟုတ်ပါဘူးဗျာ မလာစဖူးရောက်လာလို့"

"မင်းအလုပ်လုပ်တဲ့နေရာကို ရောက်ဖူးတယ်ရှိအောင်လာတာ"

"ဟုတ်ပါပြီဗျာ ကျွန်တော်လည်းအခုအားပြီ ထမင်းထွက်စားကြရအောင် ဟိုဘက်လမ်းကအသစ်ဖွင့်ထားတဲ့ဆိုင်တော်တော်ကောင်းတယ်ပြောတယ် ကျွန်တော့ဆေးရုံကလူတွေဆို အဲ့မှာပဲသွားစားနေကျ"

"သွားကြမယ်လေ အငယ်ကောင်ကောဖုန်းဆက်ကြည့်လိုက်"

"သူ့ကိုခေါ်မနေနဲ့ သူသဘောကျတယ်ဆိုတဲ့တစ်ယောက်နောက်လိုက်နေတာ သိပ်သဘောကျပါတယ်ဆိုတဲ့ Code တွေတောင်မေ့လို့"

"တအားတွေဖြစ်နေတာပဲ"

နှစ်ယောက်အတူသွားမှာမို့ သူ့ကားပေါ်သာနှစ်ယောက်လုံးတက်ဖြစ်လိုက်သည်။ဆိုင်က ဆေးရုံနှင့်သိပ်မဝေး။ဆိုင်ထဲဝင်တော့ Horizon ဆေးရုံကအဖွဲ့နှင့်တန်းတိုးတော့သည်။

"မင်းတို့ကောင်တွေ တအားကိုလွတ်လပ်နေတာပဲ"

"ဟာ စီနီယာ လာလာ ကျွန်တော်တို့နဲ့ပေါင်းထိုင်ပါ့လား "

"အွန်း ပေါင်းလိုက်မယ်လေ ကိုCean အဆင်ပြေတယ်မလား"

"ရတယ်"

စားပွဲနှစ်ခုဆက်ထားတာကြောင့် ဆယ်ယောက်ကျော်သောသူတို့အုပ်စုအတွက် မကျဉ်းကျပ်။လွတ်ရာနေရာဝင်ထိုင်တော့ ဘေးကတစ်ယောက်က မြို့တော်ရဲ့အလှပဂေးလေး။

"ကိုCean ဘာစားမလဲ"

"အဆင်ပြေတာမှာလိုက်"

အနည်းငယ်တိတ်ဆိတ်နေတဲ့ဝိုင်းက သူ့ကိုရှိန်နေတာဖြစ်မည်။ရင်းရင်းနှီးနှီးမနေတတ်သူမို့ အပိုစကားတွေလည်းမပြောချင်။သူ့မူပိုင် အေးစက်စက်မျက်နှာဖြင့် ရှူတည်တည်သာထိုင်နေလိုက်သည်။

"အားလုံးပဲအဆင်ပြေသလိုနေကြ ကိုCean ကအမြဲအဲ့လိုပဲ ကြောက်စရာမလိုဘူး"

"ကိုCean လိုလူကိုမှမကြောက်ရင် ဘယ်လိုလူကိုသွားကြောက်ရတော့မှာလဲ"

ဆရာဝန်တစ်ယောက်၏အရွှန်းဖောက်သောစကားကြောင့် အားလုံးရယ်သံတွေထွက်လာသည်။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now