အပိုင်း ၄

382 28 0
                                    


Cean ဒီနေ့ Mallကိုသွားစစ်ဖြစ်သည်။တစ်ပတ်တစ်ခါ စစ်နေကျမို့ အထွေအထူးတော့သိပ်မရှိ။ဒီကအပြန် ညီဖြစ်သူ၏ဆေးရုံသို့ဝင်မည်။ဆရာဝန်အသစ်လေးတွေရောက်၍ ကြိုဆိုပွဲရှိသည်တော့ ကြားမိသည်။သွားလေ့မရှိသော်ငြား ဒီနေ့စိတ်သိပ်မကြည်တာကြောင့် အလုပ်ထဲစိတ်မပါ၍ စိတ်ပြေလက်ပျောက်ဖြစ်အောင်သွားရမည်။

မသွားခင် သန့်စင်ခန်းခဏဝင်ပြီး မှန်ကြည့်ကာ သပ်သပ်ရပ်ရပ်ဖြစ်ပြီဆိုမှ အပြင်ပြန်ထွက်သည်။ကျောက်စက်က အပြင်မှာစောင့်နေရစ်သည်။ညီဖြစ်သူဆီဖုန်းခေါ်တော့ ဖုန်းကတန်းမကိုင် လက်ကနာရီကိုကြည့်တော့ လေးနာရီကျော်။အစီစဥ်က ငါးနာရီမှစမှာဆိုတော့ ကားလမ်းပိတ်မှာနှင့် ကွက်တိတော့ ရောက်လောက်သည်။

"အ"

ထောင့်ချိုးကအထွက် လူဆီပစ်ဝင်လာတဲ့အရာတစ်ခု။သူ့အဝတ်ပေါ်မှာစွန်းကုန်တဲ့အအေးတွေ။မော့ကြည့်လာတဲ့မျက်ဝန်းတွေက သူ့ဒေါသကိုစနက်တံတပ်လိုက်သလို။ထိတ်လန့်သွားပုံရသည့်မျက်နှာက ဟန်ဆောင်နေတာဖြစ်ရမည်။သိသိရက်နှင့် ဂွင်ဆင်ပြီးမှ မတော်တဆဟန်ဆောင်သည်ပေါ့။

"မင်း ​ေ-ာက်လုံးကကန်းနေတာလား"

တုန်တက်သွားပုံက တကယ်လန့်သွားသလို။ဟန်ဆောင်ကောင်းလိုက်တာ ဒါပေမယ့်သူ့ကိုတော့ ဒီလိုမျိုးလာလုပ်လို့မရဘူး။

"ကိုCeanဘာဖြစ်တာလဲ"

ဖုန်းတစ်ဖက်ကထွက်လာတဲ့ Horizonအသံ။

"ဘာဖြစ်ရမှာလဲ ဒီမှာအမှိုက်တစ်စလွင့်ပါလာလို့
အဟက် ကြည့်ရတာ အသက်အပိုပါလာတယ်ထင်တယ်"

စကားဆုံးတော့ခွေကနဲလဲကျသွားသူက သရုပ်ဆောင်ပီပြင်လွန်းသည်။သူသိပ်ကြောက်နေပါသည်ပေါ့လေ။

"ငါဒီနေ့မလာဖြစ်တော့ဘူး "

"ဘာလို့တုန်း စိတ်မကြည်ပြန်ဘူးလား ကိုCean"

"အဝတ်စားတွေ ညစ်ပတ်ကုန်ပြီ အနံ့နဲ့တင်အန်ချင်လာလို့"

သူစိုက်ကြည့်နေတဲ့တောက်လျောက် ခေါင်းမော့မလာသူက ကြမ်းပြင်မှာခွေခွေလေး။သနားအကြင်နာပိုပြီး ဆွဲထူပေးမယ်ထင်နေရင်တော့ အဲ့ဒီအိမ်မက်လေးကို ရိုက်ချိုးပြရတာ​ပေါ့။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now