အပိုင်း ၂၄

435 45 4
                                    


ယနေ့ရာသီဥတုကကြည်လင်နေသောကြောင့် စိတ်တွေလည်းကြည်လင်နေလေသည်။မတွေ့ရတာကြာပြီဖြစ်သည့်နောင်းညိုနှင့်ဖုန်းပြောလိုက်ရသောကြောင့်လည်းပါမည်။

နေ့လည်စာစားပြီးတော့ အမည်မသိပန်းဝါဝါတွေပင်လုံးကျွတ်ပွင့်နေသည့် နေရာသို့ပန်းချီလာဆွဲဖြစ်သည်။သစ်ရိပ်တွေချည်းမို့အအေးနည်းနည်းပိုကာ တောငှက်ကလေးတွေအသံကြောင့်လည်း စိတ်ငြိမ်းချမ်းမိလေသည်။

အနည်းငယ်ရှည်ချင်နေသည့်ရှေ့ဆံပင်လေးအား ထိပ်တွင်စုချည်ကာ ဆံထုံးအသေးလေးလိုထုံးပေးထားသူက နန်းနဒီ။စိတ်ချမ်းသာပြီး ပြည့်ဝိုင်းနေသည့်မျက်နှာလေးကြောင့် ကလေးလေးနှင့်ပိုတူစေသည်။

လေတိုးသော်လည်း ညိုမသွားသည့်အသားအရေက စမ်းရေကြောင့်များ ပိုပြီးဖွေးလာသလားမပြောတတ်။တောတောင်ကြားမှာ မတော်တဆများတွေ့မိလျှင် နတ်သူငယ်ပေါက်စလေးနှင့်ပင်ဆင်တူပါသည်။

ဆေးပေမှာစိုး၍ထပ်ဝတ်ထားတာက ဒူးထိရှည်သည့် တိမ်ငွေ့ Shirtအဖြူကြီး။ဒူးထိဘောင်းဘီအဝါလေးဝတ်ထားတာမို့ သေးသေးသွယ်သွယ်ခြေသလုံးသားလေးက ကျောက်စိမ်းသဖွယ်။

ဟိုမောင်နှမနှစ်ယောက်ကတော့ ပစ်မှားမိမည်စိုးသဖြင့် ခပ်လှမ်းလှမ်းမှာသာသွားနေတော့သည်။မြင်နေလျှင် စိတ်ကငြိမ်မှာမဟုတ်။အဖြူထည်လေးကို အရောင်မစိုးလို၍။

စိတ်တွေက ဆေးခြယ်ရာမှာသာရောက်နေတုန်း ရုတ်တရတ်ကြားလိုက်ရသည့်အသံတွေကြောင့် ဆတ်ခနဲရပ်ပစ်သည်။လေတိုးသံမဟုတ်သည့် အသံပြင်းပြင်းကနီးနီးလေးတင်။ကျေးငှက်ကလေးတွေပါလန့်ပြေးကုန်ပြီး အပင်ထက်မှသစ်ရွက်တစ်ချို့ပါလွင့်ပျံကုန်တာကြောင့် မူလသာယာနေသည့်အခြေအနေက ပရမ်းပတာဖြစ်ကုန်သည်။

မကြုံဖူး၍ဘာလုပ်ရမှန်းမသိစွာ နေရာမှာတင်ခြေစုံရပ်နေမိသည်။ခဏအကြာ အရာအားလုံးတည်ငြိမ်သွားသောကြောင့် ကြောက်စိတ်ကလေးပြေလျော့ရသည်။

နဒီတို့မောင်နှမရှိနေ၍ သိပ်တော့မကြောက်မိ။ရှေ့ကိုအာရုံပြန်စိုက်မယ်ပြင်တုန်း သစ်ပင်နောက်မှထွက်လာသူကြောင့် လက်ထဲမှဆေးစပ်ပြားနှင့် စုတ်တံကမြေပြင်ထက်မိတ်ဆက်သည်။မမြင်ရတာကြာနေပြီဖြစ်သည့် ထိုလူကမျက်နှာနည်းနည်းချောင်ကျသွားသည်မှလွဲ အရင်လိုအရှိန်အဝါအပြည့်။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now