အပိုင်း ၆

348 27 2
                                    


ငယ်ငယ်အိမ်မှာနားနေတာနှစ်ပတ်ရှိပြီ။ခြေထောက်လည်းပြန်ကောင်းနေပြီမို့ ဒီနေ့အပြင်ထွက်ချင်နေသည်။ပန်းချီဆွဲဖို့လိုအပ်တာတွေလည်း သွားဝယ်ရအုံးမည်။နောင်းညိုလည်း အားတာကြောင့် လိုက်ပို့ဖို့ပူဆာထားတာ။

"ကိုယ့်နားကနေ ဘယ်မှလျှောက်မသွားနဲ့နော်"

"အင်းပါ"

"လျှောက်လည်းမငေးနဲ့ ကြည့်ချင်တာရှိရင်ပြော လိုချင်တာရှိရင်လည်းပြော မနေ့ကမှ မမကမုန့်ဖိုးပေးထားတာ"

"ဟုတ်"

"ခြေထောက်က တကယ်ကောသက်သာလို့လား လမ်းလျှောက်တော့ ပြန်မနာဘူးလား"

"မနာပါဘူး လုံးဝသက်သာသွားပြီ "

"ဘာစားချင်တာရှိလဲ"

"စတော်ဘယ်ရီဖျော်ရည် သောက်ချင်တယ်"

"ဟုတ်ပြီပစ္စည်းတွေဝယ်ပြီးလို့ အောက်ပြန်ဆင်းရင် သွားသောက်ကြမယ်"

ပစ္စည်းတော်တော်များများဝယ်ပြီးတော့ အိမ်ကိုပဲ ပို့ခိုင်းလိုက်တယ်။အများကြီးဆိုတော့ သယ်မသွားချင်တော့ဘူး။ကော်ဖီဆိုင်ဘက်သွားတော့ နောင်းညိုကောင်မလေးနှင့်တိုးသည်။

"အယ် Acacia (ထနောင်း)"

"ခြူး စျေးဝယ်ထွက်လာတာလား "

"ဟုတ်တယ် ဒါက လခြမ်းထင်တယ်"

သူ့ဘက်လှည့်ကာမေးလာသူက အပြုံးလှလှလေးနှင့်။

"ဟုတ်ကဲ့"

"အိစ်စ်ချစ်စရာလေးတော့ Acacia ပြောပြောနေလို့နံမည်ကရင်းနှီးနေတာ"

ပြောလည်းပြော အသည်းယားဟန်လက်သီးကို ဆုပ်လိုက်ဖြန့်လိုက်လုပ်နေတာမို့ ရှက်သွားရသည်။

"နောင်းညိုစကားပြောမှာဆိုပြောအုံးလေ ငယ်ငယ် စတော်ဘယ်ရီဖျော်ရည် သွားဝယ်လိုက်မယ် နောင်းညိုက အမေရိကာနို သောက်မှာမလား "

"အွန်း"

"ဒီဘက်ကကော ဘာသောက်မလဲဟင်"

"တော်ပါပြီရှင် ခြူးကပြန်တော့မှာ"

"ဟုတ် စကားပြောနေခဲ့အုံးနော် "

ပြောရင်း ဆိုင်ဘက်ထွက်လာလိုက်​​တော့ ဆိုင်က​လူရှင်းနေသည်။သူ့အတွက်အဆင်ပြေတာပေါ့ သူကလူရှူပ်ရင်မသွားရဲဘူး။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now