အပိုင်း ၁၉

360 35 2
                                    


kingsizeမွေ့ယာအညိုရောင်ကြီးထက် အိပ်မောကျနေတဲ့ စံပယ်လေးတစ်ပွင့်။အညိုရောင်တွေကြား ဖွေးဥနေပုံက ကော်ဖီခွက်ထဲက သကြားခဲဖြူဖြူလေးလို။သူ့မျက်တောင်ရှည်တွေဖိပိတ်ထားတာကြောင့်များ ညအချိန်ဟာမှောင်မိုက်နေတတ်တာလား။

ကုတင်ပေါ် တစောင်းထိုင်ရင်း တစိမ့်စိမ့်ကြည့်နေမိတာကြောင့် မျက်တောင်ခတ်ဖို့ပါမေ့သည်။သူ့ဖယ်ရိုမုန်းတွေလွှမ်းခြုံထားတာကြောင့်များ စိတ်ချလက်ချအိပ်စက်နေနိုင်တာများလား။

အနားကိုတိုးလို့ ဆံနွယ်နက်နက်ကလေးတွေကိုပွတ်သပ်မိသည်။ပျော့စင်းနေတာက ပိုးသားလေးတွေလို။ဆံနွယ်တွေနူးညံတဲ့သူဟာ အတွင်းစိတ်လည်းနူးညံ့တတ်ပါသတဲ့။အမှန်ပဲဖြစ်မှာပါ။

သိပ်မကျယ်တဲ့နှဖူးပြင်လေးက ဆံနွယ်တွေကင်းနေတာကြောင့် နမ်းရှိုက်ချင်စရာ။အတွေးတွေနောက်ကျစွာ နှုတ်ခမ်းတစ်စုံက နှဖူးပြင်ထက် သက်ရောက်ပြီးပြီ။မျက်ခုံးတန်းလေးအောက်က မျက်တောင်ရှည်တွေကိုလည်း ခပ်ဖွဖွထိကပ်မိတာ နှစ်ကြိမ်မြောက်။

နှာတံလုံးလုံးလေးကို သူ့နှာတံချွန်ချွန်ဖြင့် တိုးတိုက်ကျီစယ်ပစ်လိုက်တော့ အသက်ရှူငွေ့ချင်း ခလုတ်တိုက်ကုန်တယ်။ဘယ်ဘက်ပါးပြင်ထက်က မှဲ့နက်သေးသေးလေးက နက်နက်စိုစိုလေး။ရယ်လိုက်တိုင်းခွက်ဝင်သွားတတ်တဲ့ထိုနေရာလေးကို နှာတံဖြင့်ခွက်စေလိုက်တယ်။သူ့ရှေ့ဘယ်တော့မှမပြုံးခဲ့ဖူးလို့ အပြစ်ပေးလိုက်တာ။

နှုတ်ခမ်းရဲရဲလေးဆီအကြည့်ရွှေ့တော့ မစားဖြစ်ခဲ့ဖူးတဲ့ စတော်ဘယ်ရီတွေကိုချဉ်ခြင်းတပ်လာရော။ဘယ်တော့မှ အသာတကြည်မရှိခဲ့ဖူးတဲ့ထိုနှုတ်ခမ်းတွေက အခုတော့သူပြုသမျှငြိမ်ငြိမ်သက်သက်ရယ်။ရပြန်ပါပြီ စတော်ဘယ်ရီအရသာကို။သူမုန်းတဲ့နဂိုအရသာနဲ့မတူခြင်းဟာ သူ့ခံတွင်းထဲရောက်သွားလို့ဖြစ်မှာ။

အဝတ်အစားတွေကိုသူကိုယ်တိုင်လဲပေးထားခြင်းဟာ တခြားသူအနံ့တွေစွဲနေလို့။သူ့ကိုယ်ပိုင်အိပ်ခန်းထဲကို သူစိမ်းတွေရဲ့အနံ့အသက်တွေအဝင်မခံနိုင်။မူလဝတ်ထားတဲ့အဝတ်စားတစ်ချို့ကတော့ မီးရှိူ့ခံလိုက်ရပြီ။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now