သူရောက်နေကျ စံပယ်လွင်ပြင်ကြီး။ဒါပေမယ့် ဒီနေ့မှာတော့ တစ်ခုခုထူးခြားနေသည်။ခါတိုင်း အပွင့်ဖြူဖြူတွေဖွေးနေပြီး ရနံ့တွေကအဆုံအစမဲ့။ဒီနေ့တော့ အဆုံးအစမဲ့ စံပယ်ပင်တွေဟာ မုန်တိုင်းမိသွားတဲ့ စိုက်ခင်းငယ်လေးလို သူ့ခြေထောက်အောက်မှာ ပြားပြားဝပ်လို့။စံပယ်ပွင့်တွေမရှိ ရနံ့တွေမရှိ။ခါတိုင်း ရနံ့တွေကြောင့်ဒေါသထွက်ရသလို ဒီနေ့ ရနံ့မရှိတော့လည်း ဒေါသထွက်ရသည်။နောက်ပြီး ဒေါသတွေအပြင် သူမရင်းနှီးသည့် ခံစားချက်တစ်ခုကပါ ဝင်ရောက်လာသည်။ဝမ်းနည်းခြင်းလား ။တစ်ခုခုဆုံးရှုံးသွားမှာကြောက်ခြင်းလား။
ရေရေရာရာအဖြေကိုမသိပါဘဲ သူထိုပန်းခင်းကြီးထဲ တဝဲလည်လည်။အပင်တွေကိုတစ်ခါနင်းမိတိုင်း တစ်ခါနာကျင်သွားတဲ့ဘယ်ဘက်ရင်ဘတ်ကြောင့် ရှေ့ဆက်မတိုးရဲ။
ယောင်ချာချာဖြစ်နေတုန်းဖျက်ခနဲနိုးထလာမိသည်။ထိုအခါမှ အိမ်မက်မှန်းသိကာ သက်ပျင်းချရသည်။ဆိုးလိုက်တဲ့အိမ်မက်။
ရုတ်တရတ်တစ်ခုခုကိုသတိရမိသည်။ဒီအိမ်မက်က မနေ့ကအဖြစ်အပျက်နဲ့များ ဆိုင်နေသလား။ဟိုအမှိုက်ရဲ့ခြေထောက်ကို တက်နင်းပစ်ခဲ့ပြီး ကျေနပ်နေ၍ စိတ်စွဲကာမက်ခြင်းလား။သို့သော် အိမ်မက်ထဲမှာ သူကျေနပ်မနေတာတော့ သေချာသည်။
ဒါဆိုဘာလဲ။သူ့ကိုပြုစားထားတာလား။ဖယ်ရိုမုန်းကိုက်ညီမှုမြင့်မားလွန်း၍ မနေ့ကအကွက်ဆင်ခံလိုက်ရပြီး အိမ်မက်ထဲထိ အတင့်ရဲနေခြင်းလား။အတွေးတွေကြောင့် သူ့မျက်နှာ မဲမှောင်သွားရသည်။
အိပ်ယာမှမထခင် အငယ်နှစ်ယောက်ကို ဖုန်းဆက်လှမ်းခေါ်လိုက်သည်။သူတို့အားမေးစရာရှိသည်။ထို့နောက်ရေမိုးချိုးကာ ပေါ့ပေါ့ပါးပါးအိမ်နေရင်းအဝတ်လဲလိုက်ပြီး မနက်စာဆင်းစားသည်။ဒီနေ့အလုပ်လုပ်ဖို့တောင် စိတ်မပါချင်တော့။
ဧည့်ခန်းထဲ Laptop တစ်လုံးနှင့်အလုပ်လုပ်နေတုန်း အငယ်နှစ်ယောက်ရောက်လာသည်။ဒီနေ့က သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ တရားဝင်နားရက်။ဒါကြောင့် ပူစရာမရှိ လှမ်းခေါ်လိုက်ခြင်း။အငယ်ဆုံး Geo ကတော့ Programmer ပီပီအားရက်ဟူ၍ တသမတ်တည်းမရှိ။ထို့ကြောင့် ဘယ်အချိန်ခေါ်ခေါ်ရောက်လာတတ်ပြီး လက်ထဲမှ Laptopအားမချတတ်။
आप पढ़ रहे हैं
OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒၵရာပိုင္တဲ့လျခမ္းငယ္ငယ္
अलौकिकမင်းကိုပိုင်ဆိုင်ခွင့်နဲ့ပတ်သပ်လာရင် ကံကြမ္မာကိုတောင်စိန်ခေါ်ပစ်မယ်ငယ်ငယ်