အပိုင်း ၈

376 28 1
                                    


"Geo ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူး"

"မျက်နှာက သုန်မှုန်နေတာပဲ"

Geoလှဲနေတဲ့ ဆိုဖာခြေရင်းဝင်ထိုင်လိုက်ပြီး ခြေသလုံးကို လက်သီးဖြင့်ဖွဖွထိုးလိုက်သည်။

"ရည်းစားပူမိနေတာ"

"အံမယ် ရည်းစားရနေပြီပေါ့"

Horizon ကမျက်ခုံးပင့်လိုက်သလို မျက်နှာချင်းဆိုင်ဆိုဖာက Oceanကပါ ကြည့်လာလေသည်။

"မရသေးပါဘူး သူ့မှာပိုင်ရှင်ရှိတယ်"

"မင်းဟာကလည်းကွာ မစခင်ဆုံးနေပြီ ပိုင်ရှင်ရှိနေရင် အသစ်ရှာလိုက် မင်းရုပ်ရည် မင်းအခြေနေနဲ့ဆိုရင် ကြိုက်တဲ့သူကောက်တွဲလိုက်ရုံပဲ သူများသုံးပြီးသားကိုဘာလုပ်မလို့လဲ"

သူလှဲနေရာကနေ ထထိုင်လိုက်သည်။ပြီးမှဆိုဖာထက်ကျောမှီလိုက်ရင်း

"ချစ်မိရင် သူများသုံးပြီးသားတွေဘာတွေဆိုတာ အသုံးမဝင်တော့ဘူး ရိုးရိုးလေးပဲလေ ချစ်မိသွားတယ် သူ့ခန္ဓာကိုယ်ကိုတပ်မက်တာမဟုတ်သလို သူ့စိတ်ထားကလည်းအရေးမပါတော့ဘူး သူဖြစ်နေလို့ချစ်တယ် ဒါပဲ အချစ်ကရိုးရှင်းပါတယ် မရိုးရှင်းတာက လူတွေရဲ့စိတ်ပဲ သူကဘာဖြစ်နေလို့ ညာဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ရန်သူမို့လို့၊သူငယ်ချင်းမို့လို့ ဆိုတာတွေပဲ "

"အချစ်အကြောင်း အရမ်းတွေနားလည်နေတာပဲ"

"နားလည်တယ်ဆိုတာထက် အချစ်ကို ကျွန်တော့်အမြင်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံပါပဲ လူတိုင်းတော့ ဘယ်တူမလဲ သဘောထားချင်းတူညီနေကြရင် ပဋိပက္ခဆိုတာ ရှိလာမှာမှမဟုတ်ဘဲ တစ်ခါတစ်လေတော့လည်းစဥ်းစားမိတယ် ကျွန်တော်တို့က နတ်ဘုရားတွေဖန်တီးထားတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေလိုပဲလို့ သူတို့ပုံဖော်တဲ့အတိုင်း ကျရာနေရာသရုပ်ဆောင်နေကြရတာလေ"

"အရမ်းတွေ ဒဿနဆန်မနေပါနဲ့ လူငယ်ပဲရှိသေးတာ ပေါ့ပေါ့ပါးပါးလေးပဲနေပါ ကြိုက်တော့လည်းလိုက်ပေါ့ကွာ မရတော့လည်းထိုင်ငေးနေပေါ့ အချိန်တန်ရင် အဖြေတစ်ခုတော့ထွက်လာမှာပေါ့"

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now