အပိုင်း ၂၅

459 51 12
                                    

နွေးနွေးထွေးထွေး စောင်ပုံကြားရောက်နေတာကြောင့် မျက်လုံးမဖွင့်ဘဲ ကိုယ်ကိုပိုကွေးပစ်လိုက်သည်။နံဘေးကအရုပ်ကြီးကြား မျက်နှာနှစ်ပစ်လိုက်တော့ အမွှေးနုနုတွေက မျက်နှာကိုယားယံစေသည်။အေးစိမ့်စိမ့်ရာသီဥတုက စောင်ပုံထဲကမထွက်ချင်အောင်ပြုစားနေတာမို့ အပြင်မှာမိုးရွာနေပြီထင်။

မိုးရွာရင်မိုးရေချိုးရမှာပေါ့။အတွေးကြောင့် မျက်လုံးဖွင့်လိုက်တော့ ရင်းနှီးပေမယ့်မရင်းနှီးသည့်အိပ်ခန်းကဆီးကြိုသည်။မျက်နှာကျက်ကမီးဆိုင်းကြီးက ထည်ဝါလွန်းနေကာ သူ့အခန်းမှာမရှိခဲ့ဖူးတာ သေချာသည်။အခန်းအပြင်အဆင်ကအစ ပုံတူပေမယ့်ကျယ်ဝန်းလှတဲ့အခန်းနှင့်အတူ ပရိဘောဂတွေကအစ Luxuryဆန်လွန်းနေသည်။

စောင်ကိုခွာကာထထိုင်မိတော့မှ မနေ့ကအကြောင်းကိုပြန်တွေးမိသည်။ငယ်ငယ် ဟိုလူဆိုးပြန်ပေးဆွဲတာခံလိုက်ရတာမလား။အဲ့ဒါဆိုဒီအခန်းက သူပိုင်တဲ့အခန်းပေါ့။အရင်တစ်ခါရောက်ခဲ့ဖူးတဲ့အခန်းမဟုတ်တာမို့ ချက်ချင်းသတိမထားမိလိုက်တာ။

ဗေဒါနုရောင်နံရံတွေနှင့် ခန်းဆီးလိုက်ကာအဖြူရောင်တွေက ဟိုလူ့အကြိုက်မဟုတ်သလို အရောင်စုံမွှေးပွရုပ်တွေပြည့်နေတဲ့ အပြာရောင်နုနုကုတင်ကလည်း ဟိုလူနှင့်မလိုက်ဖက်နေပါ။ဒါဆိုသူကဘယ်ကိုခေါ်သွားခံရတာလဲ။

မနေ့ကကြားခဲ့တဲ့ သတို့သားလောင်းဆိုတာကြီးနားထဲပြန်ကြားယောင်တော့ ကုတင်ပေါ်ကအပြေးတပိုင်းဆင်းမိသွားသည်။ထိုအခါမှ သူ့ခန္တာကိုယ်ပေါ်မှာ Shirtအနက်ရောင်တစ်ထည်သာရှိမှန်း သတိပြုမိလေသည်။မရဲတရဲလှန်ကြည့်ပြီးမှသက်ပြင်းချမိတာက အတွင်းခံဝတ်ထားသေးတာမို့။

အမွှေးပွပွကော်ဇောတွေချည်းခင်းထားတာမို့ ခြေထောက်အောက်ကနူးညံ့မှုကပြောမပြတတ်အောင် သက်သောင့်သက်သာရှိသည်။အပြေးတပိုင်းသွားဖွင့်မိတဲ့တံခါးကဖြင့် တင်းကြပ်စွာအပိတ်ခံထားရပြီး အပြင်ဘက်မှ Lockချထားပုံရသည်။

ခန်းဆီးလိုက်ကာတွေအားဖွင့်ကြည့်တော့ အပြင်မှာမိုးတွေသည်းနေလေသည်။မှန်အပြည့်ကာရံထားတာမို့ အပြင်ဘက်ရှိမြင်ကွင်းအား ထင်ထင်ရှားရှားမြင်နေရသည်။အကြည့်တွေခြံထဲပို့မိမှ သူဆွံ့အသွားရသည်။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now