အပိုင်း ၉

384 31 1
                                    


ရုပ်ဖျက်ရမယ်ဆိုပြီး အမျိုးသမီးလို ပြင်ဆင်ပေး ခံလိုက်ရတာကြောင့် လူကသိပ်မနေတတ်။လုံးဝကွဲထွက်ချင်လျှင် အမျိုးသမီးလိုပြင်မှရမည်ဆို၍ မျက်စိမှိတ်ကာ လက်ခံခဲ့သည်။

ပြင်ဆင်ပြီးချိန် နောင်းညိုကအရမ်းသဘောကျနေသလို သူကိုယ်တိုင်ကလည်းအဆင်ပြေသဖြင့်ထိုအတိုင်းသာ သွားဖြစ်လိုက်တော့သည်။ပွဲသို့ရောက်တော့ ပျားပန်းခတ် ပြည့်နှက်နေသူတွေကြောင့် သူသိပ်အဆင်မ​ပြေ။

နောင်းညိုလက်မောင်းကို မလွှတ်တမ်းဆွဲထားမိတော့ နောင်းညိုကခါးကိုသိုင်းဖက်ကာ ထိန်းထားပေးရသည်။တော်သေးသည် ဖိနပ်အမြင့်မစီးခဲ့၍။မဟုတ်လျှင် ချော်လဲနေပေလိမ့်မည်။

အားလုံးရဲ့ချီးမွမ်းသံတွေကြား သူမနေတတ်ပေမယ့် နောင်းညိုကတော့ ရယ်ချင်စိတ်ကိုမြိုသိပ်လို့ ကျေးဇူးတင်စကားတွေပြန်ဆိုနေသေးသည်။ပြီးလျှင် နားနားကပ်ကာတိုးတိုးဆိုသေးသည်။ဒီလိုချောနေတာ မိန်းကလေးမဟုတ်ဘဲ ယောကျ်ားလေးမှန်းသာသိပါက မိန်းကလေးတိုင်း Depression တောင်ဝင်သွားနိုင်ပါသည်တဲ့။

ဖယ်ရိုမုန်းပေါင်းစုံကြောင့် ခေါင်းကိုက်လာ၍ လေကောင်းလေသန့်ရှူချင်လာသည်။ထို့ကြောင့် နောင်းညိုက ဝရံတာတစ်ခုဆီခေါ်သွားပေးလေသည်။ထိုနေရာက သီးသန့်ဖြစ်ပြီး လူရှိနေလျှင် အပြင်မှဆိုင်းဘုတ်ချိတ်ထားလိုက်ရုံပင်။မည်သူမှဝင်လာမည်မဟုတ်။

လေတစ်ချို့ ရှူရှိူက်လိုက်မှ ဦးနှောက်တစ်ခုလုံးလန်းဆန်းသွားရသည်။မျက်လုံးတို့ကိုမှိတ်လို့ လေညှင်းသဲ့သဲ့ မျက်နှာပေါ်ဖြတ်သွားတာကို ခံယူလိုက်သည်။

"ဟယ်လို အလှလေး တစ်ယောက်တည်းလား"

အနားကထွက်လာတဲ့ ကြားဖူးနေကျအသံသြသြကြောင့် သူလန့်သွားရသည်။အဲ့ဒီလူကဘာလာလုပ်တာတုန်း။အသံမထွက်ဘဲ ထိုလူကိုသာမော့ကြည့်နေလိုက်သည်။သူမှန်းသိသွားလို့ တမင်လာရှာတာလား။အပြင်မှာဆိုင်းဘုတ်ချိတ်ခဲ့တာတောင် ဝင်လာတယ်ဆိုကတည်းက သူကအရမ်းစည်းကမ်းမဲ့တဲ့လူပဲ။

"အလှလေးက ကိုယ့်ကိုမကြိုက်ဘူးလား"

သူဘာမှပြန်မပြောချင်ဘူး။အသံထွက်လိုက်တာနဲ့ သူမှန်းသိသွားလိမ့်မယ်။သိပြီးသားဖြစ်နေနိုင်ပေမယ့်လည်း စကားမပြောချင်ဘူး။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now