အပိုင်း ၁၁

395 27 0
                                    


Geo Sပြည်နယ်ကိုရောက်တာ လေးရက်ရှိပြီ။စိုက်ခင်းတွေအကြောင်း သဲလွန်စရပြီဖြစ်သော်လည်း သူဝင်မပါချင်သေး။သူတို့စည်းမျဥ်းတွေနှင့်ကိုက်ညီနေသ၍ ကိုယ်ကသွားမရှူပ်ချင်။နောက်တစ်ချက်က ထိုစိုက်ခင်းတွေရဲ့ပိုင်ရှင်က တစ်စုံတစ်ယာက်ရဲ့ နံမည်နှင့်ဆင်တူနေသာကြောင့်။

သူကိုယ်တိုင်ပဲလား နံမည်တူလားမသေချာသော်ငြား ထိုနံမည်ကနှစ်ယောက်မရှိသည်မှာ သေချာပါသည်။

ရောက်စကတည်းက သူပိုင်သည့် ပျိုးဥယာဥ်တွေဘက် လျှောက်ကြည့်ဖြစ်သော်ငြား သူ့ကိုတော့မတွေ့။ပြည်နယ်တစ်ခုလုံးပျိုးဥယာဥ်ပေါင်းများစွာပိုင်ဆိုင်ပြီး ဟော်တည်နှင့် ခရီးသွားလုပ်ငန်းတွေကလည်း မနည်း။နောက်ကွယ်ကစိုက်ခင်းတွေကလည်း ပမာဏတစ်ခုအထိ ကျယ်ပြန့်နေသေးသည်။

ဒီနေ့သူပိုင်သည့် ပျိုးဥယာဥ်တစ်ခုဆီထပ်သွားဖို့ပြင်ထားသည်။မတွေ့ရမချင်း သူမပြန်ချင်ဘူး။မြို့ပြင်ဥယာဥ်ဆီရောက်တော့ အလုပ်သမားလေးတွေကဆီးကြိုသည်။သူကတော့ ပန်းပင်တွေကြား သူ့ကိုရှာဖို့သာ ကြိုးစားမိသည်။

"ဒီဘက်ကစံပယ်ပင်တွေက"

"ရောင်းဖို့မဟုတ်ဘူးအစ်ကို ဒါကကိုငွေ့ကသူ့သူငယ်ချင်းအတွက် ကိုယ်တိုင်စိုက်ထားတာ အစ်ကိုကြည့်ချင်ရင် ဟိုဘက်မှာပြပေးလို့ရတယ်ဗျ"

တယုတယ စိုက်ပျိုးထားတဲ့ စံပယ်ပင်တွေက လှလှပပ။ပန်းပွင့်သည့်ရာသီမဟုတ်၍ အပွင့်တွေတော့သိပ်မရှိ။မြတ်နိုးခံထားရတဲ့ စံပယ်ခြံလေးကိုမြင်တော့ စံပယ်ပန်းသိပ်မုန်းတဲ့ အစ်ကိုဖြစ်သူကိုသတိရမိသွားသည်။အစ်ကိုဖြစ်သူကြောင့် မည်သူ့ခြံထဲမှာမှ ထိုပန်းကိုမစိုက်ဖြစ်ခဲ့။

"မကြည့်တော့ဘူးညီလေး အစ်ကိုကထင်ရှူးပင်ပေါက်လေးတွေလိုချင်လို့"

"ခြံထဲမှာရှိတယ်အစ်ကို လာဒီဘက်"

ဦးဆောင်ကာခေါ်သွားသူနောက် တိတ်တဆိတ်သာလိုက်သွားဖြစ်သည်။တကယ်တော့ သူလိုချင်တာအပင်တွေမဟုတ်။တစ်စုံတစ်ယောက်ကိုတွေ့ရမလားဆိုသည့် မျှော်လင့်ချက်နှင့်သာ။ရေစက်တွေမပါရင် တမင်တကာရှာရင်တောင် မတွေ့တတ်တာမျိုး။ဘဝက ကိုးရီးယားကားဆန်ပါသည်။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now