အပိုင်း ၁၈

401 39 5
                                    

မြောက်လေတစ်ချို့သယ်ဆောင်လာတဲ့ အအေးဓာတ်က ဆောင်းရာသီမှန်းသိပ်သိသာစေသည်။မြူလွှာပါးပါးက နေခြည်တစ်ချက်အဝင့်မှာ လွင့်ကနဲပြယ်သည်။ဆောင်းကုန်ခါနီးမို့ရွက်ဝါတစ်ချို့က မြေပြင်ထက်ဆင်းသက်သည်။

ဝတ်ထားတဲ့ဆွယ်တာနီရဲရဲလေးထဲ ကိုယ်ကိုကျုံ့လိုက်ပြီး ပါးစပ်ကအငွေ့တစ်ချို့မှုတ်ထုတ်လိုက်သည်။ထို့နောက် မာဖလာနီရဲရဲလေးကို နှာခေါင်းထိဆွဲအုပ်ပစ်တော့ ကြည်လဲ့လဲ့ မျက်လုံးဝိုင်းလေးတွေသာ ပေါ်ကျန်ရစ်လေသည်။

မနက်ဖြန် တိမ်ငွေ့နေထိုင်သည့်ပြည်နယ်သို့ နောင်းညိုနှင့်သွားမည်။ဟိုမှာတစ်လလောက်နေမည်။outdoor ရှူခင်းတွေဆွဲချင်သောကြောင့် သဘာဝရှူခင်းတွေနှင့်လှပနေသော ထိုပြည်နယ်က သူ့အတွက်အကောင်းဆုံးရွေးချယ်မှု။

Ocean Mallနှင့် ပြဿဒါးနေ့ရက်များကြုံရပြီးနောက် ထိုနေရာအား ခြေဦးပင်မလှည့်တော့သောသူ့အား နောင်းညိုကနားလည်ပေးသည်။လိုအပ်သည့်ပစ္စည်းများကို တခြား Shopping center မှာသာသွားရောက်ဝယ်ယူရန်တွေးထားသည်။

ရှစ်နာရီထိုးသည်အထိ အအေးဓာတ်မ​ပြယ် ချင်သေးသည်ကြောင့် အနီရဲရဲသိုးမွေးကြားမျက်လုံးလေးသာပေါ်သူက သူသိပ်ကြိုက်တဲ့ စတော်ဘယ်ရီသီးလေးလို။နောင်းညိုကသူ့ကိုကြည့်ပြီး မကြာခဏရယ်နေလေသည်။

"လခြမ်းလေး ဒီပုံစံအတိုင်းဆို နောက်လထဲမှသွားရင် ပိုအဆင်ပြေမယ်ထင်တယ်နော်"

"ဘာလို့လဲ ခုပဲသွားချင်တာ နောက်လဆိုတိမ်ငွေ့ကအားမှာမဟုတ်ဘူး နှင်းတွေလည်းမရှိတော့ဘူး"

"ခင်ဗျားလေးအအေးကြောက်တတ်ပုံနဲ့ အဲ့သည်ကရာသီဥတုနဲ့က တစ်လမ်းဆီဗျ"

"ဟင့်အင်းလို့ ဘာမှမဖြစ်ဘူး အအေးဒဏ်ခံနိုင်တယ်"

"လျှောက်ပြောပြန်ပြီ ဒီမြို့မှာသိပ်မအေးတာတောင် ခုအနွေးထည်ပုံထဲမြုပ်နေတာဘယ်သူတုန်း"

"ရပါတယ်ဆို"

မသွားရမှာကြောက်နေသူက နှုတ်ခမ်းပါဆူလာပြီ။ထပ်ပြီးပြောရင် ငိုတော့မှာသိနေတော့လည်း နှုတ်ပိတ်ပြီးသာ စကားလမ်းကြောင်းလွှဲရတော့သည်။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now