အပိုင်း ၇

370 26 0
                                    


ဒီနေ့ရာသီဥတုသာယာသည်။မနေ့ညကမိုးကြောင့် ယနေ့မနက်ခင်းက တောက်တောက်ပပ စိမ်းစိမ်းစိုစို။မြင်လေရာရာ တောက်ပနေသမျှ ငယ်ငယ့်အပြုံးတွေက အတောက်ပဆုံး။

တစ်လလုံး Sပြည်နယ်မှာသောင်တင်နေပြီး မနေ့ကမှ Yမြို့တော်သို့ပြန်ရောက်ခြင်း။တိမ်ငွေ့က အလုပ်ကိစ္စတွေ မပြတ်သလို ငယ်ငယ်ကိုယ်တိုင်လည်း ထိုပြည်နယ်မှာ အတော်ပျော်နေသည်။ထို့ကြောင့် နောင်းညို၏ပြန်လာရန် တဂျီဂျီ ဂျီကျမှုအားလျစ်လျူရှူကာ တစ်လလုံးနေပစ်လိုက်သည်။

မနေ့ကမှတိမ်ငွေ့ကိုယ်တိုင် ပြန်လိုက်ပို့ကာ ယခု သုံးယောက်လုံးစားသောက်ဆိုင်သို့ရောက်ရှိနေလေသည်။သီးသန့်ခန်းတွေရှိသော်လည်း သူတို့သုံးယောက်လုံး ဝရံတာမှာသာ ထိုင်ဖြစ်သည်။ဒုတိယထပ်ဖြစ်သဖြင့် လမ်းသွားလမ်းလာများကို မြင်နိုင်သလို အလှသစ်ပင်များကြောင့် ဥယျာဥ်လေးထဲရောက်နေသလို ခံစားရစေသည်။

"တော်ပြီလား ထပ်မှာအုံးလေ"

"တော်ပြီနောင်းညိုရဲ့ အခုမှာလိုက်တာတောင်များနေပြီ ကုန်ရောကုန်မှာလားမသိဘူး"

"ကုန်မှာသေချာတယ် တစ်လအတွင်းငါသိလာတာက လခြမ်းက ဘယ်လောက်စားစားစားနိုင်တယ် ပြီးရင်"ဝ"လည်းမလာဘူး တစ်နေကုန် တဇွတ်ဇွတ်စားနေတာတောင် ခါးလေးက ငါ့လက်ဝါးလောက်ရှိတာပဲကြည့်"

"မျက်နှာလေးကတော့ပြည့်လာတယ် အဲ့ပြည်နယ်နဲ့တည့်လို့ထင်တယ် အသားတွေတောင် ပိုဖွေးလာသလိုပဲ"

"ဟုတ်တယ်ငါအရမ်း ပျော်နေတာ နောက်ထပ်လည်းသွားအုံးမှာ ဟီးဟီး "

"နောက်တစ်ခါဆို ငါလည်းလိုက်မှာနော်"

"လိုက်ခဲ့ လိုက်ခဲ့ သုံးယောက်ဆိုပိုပျော်ဖို့ကောင်းမှာ နောက်တစ်ခါသွားရင် အဲ့နားက နံမည်ကြီးတဲ့ တောင်ပေါ်တက်ကြည့်မယ် ပြီးရင် ပန်းချီလည်းဆွဲချင်သေးတယ်"

"ဟုတ်ပြီသွားကြမယ် အိမ်ရှင်က မကြည်ဖြူရင် ဒို့နှစ်ယောက် ဟော်တည်မှာတည်းကြမယ်"

သူဘာမှဝင်မပြောရသေးခင် ဒရမ်မာခင်းလာတဲ့နောင်းညို

"ငါကဘာကိစ္စမကြည်ဖြူရမှာလဲ"

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now