Episode 1

3.9K 276 3
                                    

အပိုင်း၁

Zawgyi

ချီရှို့ယွမ်တစ်ယောက် လူဆိုးဂိုဏ်းတစ်ခုရဲ့ ဖမ်းဆီးခံရပြီး အခန်းတစ်ခုထဲ ဆွဲခေါ်ခံခဲ့ရချိန်တုန်းက ပြင်သစ်စတိုင်လ် ပြတင်းပေါက်ရှေ့မှာထူးဆန်းတဲ့လူတစ်ယောက် ရပ်နေခဲ့တယ်။နားမှာဖုန်းကိုတင်းကြပ်အောင်ဖိကိုင်ထားပုံအရ အရေးကြီးကိစ္စတစ်ခုကို ဆွေးနွေးနေပုံရတယ်။

အဲ့လူကို တစ်ချက်ကြည့်တာနဲ့ သူကဘယ်လိုမှ လူကောင်းမဖြစ်နိုင်တာ သိသာလွန်းတယ်။

ချီရှို့ယွမ် အဲ့လူကို တိတ်တိတ်လေး အကဲခတ်နေမိတယ်။ရှည်ရှည်သွယ်သွယ် ကိုယ်ခန္ဓာမှာ အနောက်တိုင်းဝတ်စုံကို ကျကျနန ဝတ်ဆင်ထားသော်ငြား သူ့ရဲ့ ခေါင်းအစ ခြေအဆုံးလွှမ်းခြုံထားတဲ့ ရက်စက်ယုတ်မာတတ်မယ့် ခပ်မှိုင်းမှိုင်း အရောင်အဝါကိုတော့ ဘယ်လိုမှမဖုံးကွယ်ထားနိုင်ဘူး။ အခန်းထဲမှာ ရှိနေတာတောင် နေကာမျက်မှန်ကို ထင်းထင်းကြီး တပ်ထားပြီး သူ့ရဲ့မျက်လုံးတွေကို ဖုံးကွယ်ထားလေရဲ့။ သို့ပေမယ့် ထိုလူရဲ့ သန်မာရဲဝင့်ပြီး အကြောက်တရားကင်းပုံရတဲ့ မျက်နှာကတော့ လုံးဝကို ထင်ရှားနေဆဲပဲ။

သူ့ကို မသိမသာစိုးမိုးထားတဲ့ မကောင်းတဲ့အရောင်အဝါနဲ့ ဆန့်ကျင် စွာ သူ့ရဲ့အသံကတော့ အရမ်းကိုမှ သာယာငြိမ့်ညောင်းတယ်။ အသံ ခပ်သြသြကိုမှ တိုးလျညင်သာပြီး တည်ငြိမ်တယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် အသံက ဆွဲဆောင်မှုရှိပြီး အာရုံကို တော်တော်လေး ညှို့ငင်နိုင်စွမ်း ရှိတယ်။ နှမြောစရာပဲ........
------------

" ဒါဆို သူ့ရဲ့ခြေနဲ့လက်တစ်ခုစီကို ခုတ်လိုက်။ မြန်မြန်လုပ်လေ။...... မဟုတ်သေးပါဘူး။ ငါဒီနေ့တခြားလုပ်စရာ ရှိသေးတယ်။ မနက်ဖြန်မှ ဆို့ကျိကို လာခိုင်းလိုက်မယ်။ "

စက္ကန့်အနည်းငယ်လောက်ကြာပြီးနောက် သူ့ရဲ့မျက်နှာကို လှည့်လိုက်ချိန် အဲ့ဒီမျက်နှာရဲ့ တဖက်ခြမ်းဆီမှာ ခပ်ရှည်ရှည်အမာရွတ်တစ်ခုကို ချီရှို့ယွမ်တွေ့သွားတယ်။ ဒီအမာရွတ်က......... ထိုလူရဲ့နားထင်စပ်နားကနေစပြီး မျက်လုံးထောင့်နားကိုထိတော့မယောင်နဲ့ နားရွက်အောက်နားမှာ အဆုံးသတ်လေတယ်။

Lawless Gangster (Myanmar Translation)Where stories live. Discover now