Episode 41

521 129 15
                                    

အပိုင်း ၄၁

Zawgyi

ရှောင်းလီကို တစ်ချက်ကြည့်တာနဲ့ တစ်ခုခုတော့မှားနေပြီဆိုတာ ချီရှို့ယွမ် သိလိုက်တယ်။ သူ ဖုန်းအားသွင်းကြိုးသွားဝယ်တဲ့အချိန်ကစလို့ အခု အခန်းထဲပြန်ရောက်တဲ့အထိ ရှောင်းလီကို ကြည့်ရတာ တစ်မျိုးဖြစ်လို့နေတယ်။
ဒါကြောင့် သူလည်း ရှောင်းလီ ပြန်မယ်လုပ်တာနဲ့ လျင်မြန်စွာပဲ ပြောလိုက်တယ်။

" ကိုယ် မင်းကို လိုက်ပို့ပေးမယ်။ "

ရှောင်းလီရဲ့ငြင်းဆိုမှုနဲ့ ဟန်ကျားရဲ့ သူ့ကိုရိုက်ချချင်နေမှန်းပေါ်လွင်နေတဲ့ ဒေါသအကြည့်တွေကြားက ချီရှို့ယွမ်က တုံ့ဆိုင်းမနေပဲ နောက်ကနေ ကပ်လိုက်လာတယ်။

ရှောင်းလီက သူ့ကိုလှည့်ကြည့်လာတယ်။ သူလည်း ဆက်လိုက်သင့်မလိုက်သင့် ဇဝေဇဝါဖြစ်သွားပေမယ့် ရှောင်းလီက သူလိုက်လို့မှီအောင် အသာရပ်စောင့်နေတာကိုတွေ့ရတော့ နှစ်ယောက်သား ဘေးချင်းကပ်ကာ အောက်ထပ်သို့ လှေကားကနေ အတူဆင်းကြတယ်။

ဆေးရုံဆိုတဲ့နေရာက လူပေါင်းစုံ ဟိုဟိုဒီဒီ ဝင်ထွက်သွားလာရာ နေရာဖြစ်တာကြောင့် ချီရှို့ယွမ် စိတ်လှုပ်ရှားနေမိကာ စကားပြောဖို့ အခွင့်အရေး မရဖြစ်လို့နေတယ်။

သူတို့အတူ လျှောက်လာလိုက်တာ ဆေးရုံအဝနားရောက်လာချိန်မှာတော့ ရှောင်းလီလက်ကိုဆွဲပြီး လူမရှိတဲ့ ကော်ရစ်ဒါအတွင်းသို့ ဆွဲခေါ်သွားမိတယ်။

" မင်း.... "

ရှောင်းလီရဲ့ကြည့်ကောင်းလှတဲ့ မျက်နှာအစိတ်အပိုင်းတို့ကို ကြည့်ရင်း ခက်ခက်ခဲခဲ လေသံနဲ့ ချီရှို့ယွမ် မေးလိုက်တယ်။

" မင်း စိတ်ဆိုးနေတာလား။ "

ရုတ်တရက်ဆန်တဲ့ စကားတို့ကြောင့် ရှောင်းလီ ပြန်မေးမိတယ်။

" ငါက ဘာကိုစိတ်ဆိုးရမှာလဲ။ "

ချီရှို့ယွမ် သူ့နှုတ်ခမ်းတို့ကို စိုက်ကြည့်နေတာမြင်တော့ ရှောင်းလီ မျက်နှာပြင်ဟာ ရဲတွတ်လို့လာတယ်။ သူ ချောင်းအသာဟန့်ကာ တစ်ဖက်လူကို အာရုံလွှဲလိုက်ရင်း

" မဆိုးပါဘူး။ "

ချီရှို့ယွမ် မျက်ဝန်းတို့တောက်ပလာရကာ သူ့နားကို တိုးကပ်လာတယ်။

Lawless Gangster (Myanmar Translation)Where stories live. Discover now