Episode 2

1.3K 231 4
                                    

အပိုင်း ၂

Zawgyi

လူဆိုးဂိုဏ်းအဖွဲ့ဝင် တစ်ယောက်က ချီရှို့ယွမ်ထိုင်ရမယ့်နေရာကို ညွှန်ပြရင်း

" ဆရာချီ၊ ဒီမှာထိုင်ပါ။ "
လို့ ချိုချိုသာသာပြောတယ်။

ချီရှို့ယွမ် ဘာတစ်ခွန်းမှ မပြောသေးဘဲ နေရောင်အောက်မှာ လက်လက်ထနေတဲ့ ပန်းကန်ခွက်ယောက်တွေနဲ့အတူ အရောင်အသွေးစုံလှတဲ့ နိုင်ငံခြားဖြစ် လက်ရာမွန်တွေနဲ့ ပြည့်နေတဲ့ စားပွဲကိုသာ တိတ်တဆိတ်ကြည့်နေမိတယ်။ ဒီခမ်းနားတောက်ပနေတဲ့ စားပွဲကို အလွန်လက်ရာပြောင်မြောက်တဲ့ ပန်းအိုးတွေထဲ လတ်ဆတ်လှပတဲ့ ပန်းအမျိုးအစားပေါင်းများစွာကို ထည့်ပြီး အလှဆင်ထားတယ်ဆိုတာကတော့ ပြောစရာပင်မလိုတော့။

သိမ်မကြာခင် အခြားလူဆိုးဂိုဏ်း အဖွဲ့ဝင်တွေကပါ ဘေးမှာဝင်ထိုင်ကြတယ်။ သူတို့ပါ ပါဝင်ဆွေနွေးမယ်ဆိုတဲ့ သဘောပေါ့။ ဒီအခြေအနေက ချီရှို့ယွမ်ကို ရန်ငြိုးဟောင်းတွေကျန်နေသေးလို့ မကျေမနပ် ခြိမ်းခြောက်မှု အရောင်အဝါတွေ ပျံ့လွင့်နေတဲ့ လေထုကြား ရောက်နေရသလို ခံစားရစေတယ်။

သူ သက်ပြင်းရှည်ကြီးချရင်း စိတ်မရှည်စွာပြောလိုက်တယ်။

" ကျွန်တော်က မစ္စတာရှောင်းနဲ့ အရေးကြီးကိစ္စ ဆွေးနွေးချင်တာ။ ထမင်းလက်ဆုံစားချင်တာ မဟုတ်ဘူး။ "

ရှောင်းလီက သူ့ကို မရေရာတဲ့အကြည့်နဲ့ ကြည့်ရင်း ပြောတယ်။

" ဆရာချီက အလုပ်ဆင်းပြီးကာစမို့ ခုဆို ဗိုက်ဆာနေလောက်ရောပေါ့။ ကျွန်တော်တို့ စားသောက်ပြီးမှ ပြောဆိုကြတာပေါ့။ အစားအသောက်တွေကို သဘောမတွေ့ရင်......... "

ချီရှို့ယွမ် ထိုင်ခုံကိုမှီလိုက်ရင်း သူ့ကိုစိုက်ကြည့်လိုက်တယ်။
" ကျွန်တော် ဗိုက်မဆာဘူး။ "

ရှောင်းလီက ခေါင်းမငြိမ့်ခင် ခဏတော့ နှုတ်ဆိတ်သွားတယ်။ ချီရှို့ယွမ်ရဲ့ ခပ်ပြတ်ပြတ်အဆိုကို လက်ခံလိုက်တယ်။

" ဒါဆို ကျွန်တော်တို့အရင် စကားပြောကြတာပေါ့။ လင်းကျိ.. ဒါတွေအကုန်သိမ်းလိုက်။ "

Lawless Gangster (Myanmar Translation)Where stories live. Discover now