Episode 44

470 95 10
                                    

အပိုင်း ၄၄

Zawgyi

ရှောင်းလီ သူအထိန်းသိမ်းခံထားခဲ့ရတဲ့ အဆောက်အဦးအပြင်ဘက်ကို ထွက်လာချိန် လမ်းမပေါ်မှာ ကားအနက်ရောင်တစ်စီး ရပ်ထားတာကို တွေ့လိုက်ရတယ်။

" ရှောင်းလီ "

နေကာမျက်မှန်အနက်ရောင် တပ်ထားကာ အဆောက်အဦး အပြင်မှာမတ်တပ်ရပ်နေတဲ့လူက သူ့နာမည်ခေါ်ရင်း သူရှိရာဆီ လျှောက်လာတယ်။

" မစ္စတာကျိုး ပြောပြီးပြီထင်တယ်။ "

" ခင်ဗျားက ကျွန်တော့ကို ဒီကနေလာခေါ်မယ်ဆိုတဲ့ သူလား။ "

ရှောင်းလီ သူ့ရှေ့ကလူကို တစ်ချက်ကြည့်လိုက်တယ်။ သာမန်လူတွေထက် အရမ်းမြင့်မားတဲ့အရပ်နဲ့ ကိုယ်ထည်တောင့်တောင့်ကို တွေ့လိုက်ရတယ်။ လင်းကျီလို ထောင်ထောင်မောင်းမောင်း လူတောင် အရပ်က ၁၉၀စင်တီမီတာ ရှိတယ်ဆိုပေမယ့် ဒီလူက လင်းကျီထက်ပင် ပိုမြင့်နေသေးတယ်။

" ဖြူကောင်ချန်းဆိုတဲ့ နာမည်ကိုကြားဖူးမယ်လို့ထင်တယ်။ "
ထိုလူက ညာလက်ကိုဆန့်ထုတ်ကာ ခွန်းဆက်စကားဆိုရင်း ပြုံးပြတယ်။

" ဒါပေမယ့် အမာရွတ်ရှောင်းက ဒီနယ်တစ်ဝိုက်မှာ နာမည်ကြီးသားဗျ။ "

ရှောင်းလီ ထိုလူ့လက်ကို ပြန်လည်ဆုပ်ကိုင်ကာ

" ကျွန်တော်မကြားဖူးဘူးဗျ။ ချန်းဝူဆိုတဲ့နာမည်တော့ကြားဖူးပေမယ့် လက်လွတ်စပယ်တော့ မပြောရဲဘူးဗျာ။ "

" မြှောက်နေပြန်ပါပြီ။ "

ချန်းဝူက ကားရှိရာဆီသွားရန် လမ်းညွှန်ပြရင်း

" ခင်ဗျားကို ထုတ်ပေးဖို့က လွယ်တာမဟုတ်ဘူးဗျ။ ခင်ဗျားကိုကြည့်ရတာ သိပ်လည်း ဝမ်းသာမနေသလိုပဲ။ "

ရှောင်းလီ သူ့စကားကို ပြန်လည်းမဖြေ ကြည့်လည်းကြည့်မနေတော့ပဲ ကားရှိရာဆီသာ သွားလိုက်တယ်။ ကားတံခါးကိုဖွင့်လိုက်ချိန်မှာတော့ အထဲမှာ လူရှိနေပုံရလို့ အတော်လေးအံ့အားသင့်သွားတယ်။ဒါတင်မက ကားထဲက လူက ရှောင်းလီသိတဲ့သူတစ်ယောက်ဖြစ်နေတာက ပိုပြီး ထိတ်လန့်စေတယ်။

Lawless Gangster (Myanmar Translation)Where stories live. Discover now