Episode 16

571 142 6
                                    

အပိုင်း ၁၆

Zawgyi

Taxi ထဲမှာ ရှောင်းလီက နောက်ဘက်တွင် တုန်ယင်စွာထိုင်နေတယ်။ ချီရှို့ယွမ် သူ့ကိုဒီလိုပုံစံနဲ့မြင်ရတာ ရင်နာလွန်းလို့ ရင်ခွင်ထဲမှာ ပွေ့ဖက်ထားပေးမိတယ်။

Taxi ဒရိုင်ဘာကတော့ အံအားသင့် ဆွံ့အနေဆဲဖြစ်တယ်။ သူခုနလေးတင် အတွင်းခံဘောင်းဘီပဲဝတ်ထားတဲ့ ကောင်လေးတစ်ယောက်က သူ့ကားရှေ့ခုန်ထွက်လာပြီး လာတားတာကို ကြုံလိုက်ရတာမဟုတ်လား။ အဲ့အချိန်တည်းက သူမျက်နှာ တော်တော်လေးပျက်နေပြီ။ အခုနောက်ဘက်ခုံကို မျက်လုံးထောင့်ကနေ လှမ်းကြည့်မိတော့ သူပိုပြီးတောင် မျက်စိမျက်နှာ ပျက်သွားတယ်။

ရှောင်းလီရဲ့ နီရဲရဲနှုတ်ခမ်းလေး ခပ်ဖြည်းဖြည်း ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတာကို ချီရှို့ယွမ်မြင်လိုက်ရပြီးနောက် အနားကို ပိုပြီးတိုးကပ်လိုက်မိတယ်။ အဲ့ဒီတော့မှ ရှောင်းလီရဲ့ အသည်းအသန်အားထုတ်ပြီးတုန်ယင်စွာပြောလာတဲ့ စကားအချို့ကိုကြားလိုက်ရတယ်။

သူပြောတာကို ချီရှို့ယွမ်နားမလည်မှာစိုးလို့ စိုးရိမ်မှုတွေနဲ့ပြည့်နေတဲ့ ရှောင်းလီရဲ့ မျက်ဝန်းတွေကို ဘယ်လိုမှ လျစ်လျူမရှုနိုင်ခဲ့။ ထို့နောက် တခြားပြောစရာကျန်ရှိနေသလိုမျိုး ရှောင်းလီက ပါးစပ်ဖွင့်ဖို့ အစွမ်းကုန်ကြိုးစားအားထုတ်နေတယ်။

သူ့မျက်ဝန်းထဲက အကြည့်တွေက ချီရှို့ယွမ်ကို အရာအားလုံးပြောပြနေသလိုပဲ။

" မစိုးရိမ်နဲ့နော်။ "

ချီရှို့ယွမ် လက်ကိုဆန့်ကာ ရှောင်းလီရဲ့ နှုတ်ခမ်းကို အသာအယာပိတ်လိုက်တယ်။

" ဘာမှမဖြစ်အောင် ကိုယ်အစွမ်းကုန်ကြိုးစားမှာပါ။ "

သူဖုန်းထုတ်ကာ နံပါတ်တစ်ခုကို ခေါ်လိုက်တယ်။ စက္ကန့်အနည်းငယ် အတွင်း ဖုန်းဝင်သွားတယ်။

" ဘယ်သူလဲ။ "

အသံက အတော်လေး ပျင်းရိနေသယောင်။

ဒီအသံက ဟန်ကျားဆိုတာ သိသာတယ်။

" သူဋ္ဌေးဟန်။ ကျွန်တော် ရှောင်းလီနဲ့အတူရှိနေတယ်။ "

Lawless Gangster (Myanmar Translation)Where stories live. Discover now