Episode 10

676 172 7
                                    

အပိုင်း ၁၀

Zawgyi

ရှောင်းလီကားထဲမရောက်ခင် စီးကရက်ကို မီးသတ်ကာ မြေပြင်ပေါ် လွှင့်ပစ်လိုက်တယ်။ ကားမောင်းစဉ် တလျှောက်လုံးလည်း တိတ်ဆိတ်မှုသာ ကြီးစိုးလျက်....

နှစ်ယောက်စလုံး နောက်ခန်းထဲမှာထိုင်နေရတာဖြစ်လို့ ချီရှို့ယွမ်က ကျန့်ရှောင်းကျူးကို သူ့ပေါ်မှီထားစေတယ်။ သူ့ခေါင်းထဲကို အဖြစ်အပျက်အလုံးစုံက တဖြည်းဖြည်း ပြန်လည်ဝင်ရောက်လာတဲ့အခါမှာတော့ တွေးလေလေ ဒေါသထွက်လေလေ ဖြစ်ရပြီး ကျင်းတင်းကို မီးလောင်တိုက်သာ သွင်းလိုက်ချင်တော့တယ်။ ကံမကောင်းတာကတော့ သူလက်တွေ့လုပ်နိုင်တာမျိုး မဟုတ်တာပဲ။

ဒီအတွေးတွေကြောင့်ပဲ သူ့နှလုံးသား အောက်ခြေကနေ သောကမီးတို့ တောက်လောင်ရတယ်။

လမ်းတလျှောက်လုံး သူ ရှောင်းလီကို နောက်ကြည့်မှန်ကနေ တချိန်လုံး ကြည့်နေမိတယ်။ သူ့ဒေါသတို့ ပြေလိုပြေငြားပေါ့။

" ရောက်ပြီ။ "

ရှောင်းလီက ကားရပ်ရင်းပြောတယ်။

ချီရှို့ယွမ် ကားနောက်တံခါးကို ဖွင့်ပြီး ကျန့်ရှောင်းကျူးကို တွဲလိုက်တယ်။

ရှောင်းလီက သူ့ဆီလာပြီး ပြောလိုက်တယ်။

" ကျွန်တော် ကူပေးမယ်။ "

" မလိုပါဘူး။ "

ချီရှို့ယွမ် အေးစက်ပြီး ထူးမခြားနားတဲ့လေသံနဲ့ပြန်ပြောရင်း ကျန့်ရှောင်းကျူး လက်မောင်းကို သူ့လည်ပင်းပေါ် တင်စေပြီး မတ်တပ်ရပ်နိုင်အောင် အကူအညီပေးလိုက်တယ်။

ရှောင်းလီက ဘေးဖယ်ပေးလိုက်ကာ

" ကောင်းပါပြီ။ ဂရုစိုက်သွားပါ။ "

ထို့နောက် ကားဆီပြန်သွားပြီး မောင်းသူဘက်ခြမ်းဆီက ကားတံခါးကိုဖွင့်လိုက်တယ်။

ချီရှို့ယွမ် သူ့နောက်ကျောကို ကြည့်မိတယ်။ ပထမဆုံးအကြိမ်တွေ့တုန်းကလို ကျောပြင်ကျယ် ဖြစ်နေဆဲပဲ။
သူဘာလို့ လှမ်းခေါ်မိလဲဆိုတာ သူ့ကိုယ်သူတောင် မသိတော့ဘူး။

" ရှောင်းလီ "

ရှောင်းလီရပ်လိုက်ပြီး ကိုယ်ကိုဘေးစောင်းကာ လှည့်လိုက်တယ်။ မျက်နှာမှာတော့ ဘာများလဲဆိုတဲ့ မေးခွန်းကို ဖော်ကျူးလျက်....

Lawless Gangster (Myanmar Translation)Where stories live. Discover now